မြတ်စွာဘုရား၏ “ပါ၀စနံ” မြတ်သည် အဘက်ဘက်သို့ လက်ဖြာထွက်နေလေရာ “မင်္ဂလသုတ်” တွင်လည်း အဓိကဖြစ်သော နိဗ္ဗာန်ရောက်ကြောင်းအပြင် မြုပ်ကွယ်နေသော အခြားလောကီ အကျိုးကျေးဇူးကလေးများ ရရာရကြောင်းလည်း ပါ၀င်နေပေသည်။ သွေးထားအပ်သော စိန်ကောင်းသဖွယ် မှန်ကူကွက်ပေါင်းများစွာ ရှိရကား နှစ်သက်ရာ မှန်ကူကွက်ကို ယူနိုင်သည်။ နီတိအမြင်မျိုးနှင့်လည်း ကြည့်ရှုကျင့်ကြံနိုင်၏။ သို့သော် ဤအမြင်မျိုးသည်ကျွန်ုပ်တင်ပြလိုရင်းနှင့် မသက်ဆိုင်ချေ။ ကျွန်ုပ်သည် မနောတန်ခိုးလမ်း ပညာရပ်ဆိုင်ရာ အမြင်သန့်သန့်ကလေးဖြင့်သာ တင်ပြလိုပေသည်။ မနောတန်ဖိုး ရင့်သန်စေသော ကျင့်ထုံးကလေးများကို “မင်္ဂလသုတ်တော်” အား ကျောရိုးပြု၍ မနောလမ်း အမြင်သန့်သန့်ဖြင့် လိုရာ ရွေးထုတ်လိုက်သည် ရှိသော် မနောမယ တန်ခိုးလမ်းအတွက် သော့ချက် ၃၈ ချောင်းကို ကျွန်ုပ်တို့ ရရှိကြတော့သည်။
(အချီးစကား မှ)မြတ်စွာဘုရား၏ တရားတော်အရ မကောင်းသည်ကို ကြံစည်စိတ်ကူးလျှင် တစ်ကိုယ်လုံး၌ မကောင်းသောရုပ်များ ဖြစ်ကြရ၏။ ကောင်းသည်ကို ကြံစည်လျှင် ကောင်းသောရုပ်များ ဖြစ်ကြရ၏။ လူမိုက်သည် မကောင်းသည်ကိုသာ ကြံစည်တတ်သည် ဖြစ်သောကြောင့် သူ၏ စိတ်ဓာတ်မှ ထွက်ပေါ်လာသော ဓာတ်ရောင်ခြည်သည် မကောင်းသောပုံစံကိုသာ ဖန်တီးမည် ဖြစ်၏။ သူ၏ ဓာတ်ပုံစံ အသွင်းခံရသောရုပ်၀တ္ထု ဖွဲ့စည်းမှုသည်လည်း မကောင်းသော မျှော့ကြောင်းပေးထားသည့် ရုပ်၀တ္ထု အနေအထားသာလျှင် ဖြစ်လာရတော့သည်။
(သော့ချက်တစ်၊ သော့ချက်နှစ် မှ)အတွေ့အကြုံများသော နှလုံးသည် ပညာဖြင့် ပြည့်၏။ ပညာဖြင့်ပြည့်သော နှလုံးသားသည် ကြံ့ခိုင်၏။ နှလုံးသား ကြံ့ခိုင်ခြင်းသည် မိမိ၏ အလိုဆန္ဒ ပြည့်ဝြင်းတည်း ဟူသော သိဒ္ဓိပန်းကို ဆွတ်လှမ်းစရာ တံချူပင် ဖြစ်လေတော့သည်။ အတွေ့အကြုံများသူသာလျှင်
ပြဿနာတစ်ခုကို အဘက်ဘက်မှနေ၍ ကြည့်တတ်၊ မြင်တတ်လေသည်။ အဘက်ဘက်မှနေ၍ ကြည့်တတ်၊ မြင်တတ်မှ ဆုံးဖြတ်ချက် အမှန်ကို ချမှတ်နိုင်သည် ဖြစ်၏။
(သော့ချက်ခုနှစ် မှ)
🏘️Wisdom House စာအုပ်တိုက်
အခန်း (၀၀၂) မြေညီထပ်၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြိုနယ်၊ ရန်ကုန်မြို့ ။
စာအုပ်မှာယူလိုပါက
Page : Messanger ဒါမှမဟုတ်…
☎️ : 𝟘𝟡𝟚𝟝𝟜𝟙𝟜𝟠𝟝𝟞𝟠
𝟘𝟡𝟡𝟝𝟝𝟘𝟝𝟠𝟝𝟛𝟛
𝟘𝟡𝟞𝟠𝟠𝟞𝟠𝟠𝟟𝟚𝟚
𝙑𝙞𝙗𝙚𝙧 နဲ့ 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 နံပါတ် 0̲9̲2̲5̲4̲1̲4̲8̲5̲6̲8̲ ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။
အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပိုဆောင်ပေးပါတယ်။ အချိုနယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပိုဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် 𝙥𝙖𝙜𝙚 𝙢𝙚𝙨𝙨𝙚𝙣𝙜𝙚𝙧 (cb) ကပဲ မှာယူပေးဖို မေတ္တာရပ်ခံပါတယ်။
Official Website- https://www.facebook.com/wisdomhousepublishing
Official TikTok Account – https://www.tiktok.com/@wisdomhouse.publishing?is_from_webapp=1&sender_device=pc