#နိုင်ငံတကာစီးပွားစွမ်းဆောင်ရှင်များ
ဤစာအုပ်တွင် -ကမ္ဘာ့အချမ်းသာဆုံးနံပါတ်(၁) မိုက်ခရိုဆော့ဖ် သူဋ္ဌေး ဘီလ် ဂိတ်စ်၊ ကမ္ဘာ့အချမ်းသာဆုံးနံပါတ် (၂) အစုရှယ်ယာ သူဋ္ဌေးကြီး ဝါရင်း ဘတ်ဖက်၊ ပထမဆုံး လူမည်းအမျိုးသမီး ဘီလျံနာ အော်ပရာ ၀င်းဖရေ စသည်တို့ အပါအ၀င် အမေရိကန်ပြည်ထောင်စု၊ ဥရောပ၊ အာဖရိကနှင့် အာရှတိုက်တို့မှ စီးပွားစွမ်းဆောင်ရှင် ၂၅ ဦးတို့၏ ဘ၀ဇာတ်ကြောင်း၊ အောင်မြင်စီးပွား ဖြစ်ထွန်းလာပုံများနှင့် သူတို့၏ခံယူချက်များကို တိုတိုရှင်းရှင်းနှင့် ထိထိမိမိ တင်ပြထားသည်။အနာဂတ်ကို ကြိုတင်မြင်ယောင် တွက်ဆတတ်တဲ့ ဘီလ် ဂိတ်စ်ဟာ သူ မြင်ထားတဲ့အတိုင်း လက်တွေ့ဘ၀မှာ ပီပီပြင်ပြင် အကောင်အထည်ဖော်နိုင်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။ ပင်ကိုက အလွန်ဉာဏ်ရည်ထက်မြက်သူတစ်ဦး ဖြစ်တဲ့အပြင် အဲဒီလို ကြိုးစားတတ်မှုနဲ့အတူ သင့်တော်တဲ့နေရာဒေသမှာ သင့်တော်တဲ့အချိန်အခါက ပေါင်းစပ်ပေးခဲ့လို့ ဒီကနေ့ ဒီနေရာကို ဘီလ်ဂိတ်စ် ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။မိုက်ခရိုဆော့်ဖ်ရဲ့ ဘီလ် ဂိတ် မှသူ့ကို လမ်းပေါ်မှာ တွေ့ရင်တောင်မှ သူဟာ ဝါးရင်း ဘတ်ဖက် ဆိုတဲ့ နာမည်ကျော် သူဋ္ဌေးကြီးပါလားလို့ တန်းသိနိုင်လောက်အောင် နေတတ်ထိုင်တတ်သူမျိုး မဟုတ်ပါဘူး။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း မလုပ်ဘဲ အခြားကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကို ၀ယ်ယူစုဆောင်းလိုက်၊ ပြန်ရောင်းလိုက်လုပ်နေရင်းကနေ ဒေါ်လာ ၃၆ ဘီလီယံ ကြွယ်၀လာခဲ့တာကတော့ သူရဲ့ထူးခြားချက်ပါပဲ။စတော့ရှယ်ယာများဖြင့် ချမ်းသာလာသူ မှအော်ပရာ ၀င်းဖရီဟာ ကိုယ့်ကိုယ်ကိုယ်မှာသာမက အခြားသူတွေဆီမှာပါ အမှန်တရားကို ရှာဖွေဖော်ထုတ်တင်ပြတတ်မှု၊ ကိုယ်ချင်းစာတရားထားရှိတတ်မှု၊ ရိုးသားဖြောင့်မတ်မှုနဲ့ လူသားတွေအပေါ်မှာ မေတ္တာထားရှိတတ်သူတွေဟာ သူရဲ့ရုပ်သံအစီအစဉ် အောင်မြင်ရခြင်း အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ ( ပထမဆုံးလူမည်းအမျိုးသမီးဘီလျံနာ မှ )