ဤစာအုပ်သည် သက်ဆိုင်ရာ မြေယာစီမံခန့်ခွဲရေး ဝန်ထမ်းများအတွက်သာမက မြေယာသမိုင်းကို စိတ်ပါဝင်စားသူများ၊ အများ ပြည်သူများအတွက်လည်း ဗဟုသုတအဖြစ် ဖြည့်ဆည်းထောက်ကူမှု ပြုနိုင်မည့် စာအုပ် တစ်အုပ် ဖြစ်ပါသည်။
မြိုမြေ Urban Survey တိုင်းတာပြီဆိုပါက မဖြစ်မနေဆောင်ရွက်ရသည့် Boundary Officer နှင့် Demarcation Officer များ ခန့်ထားသည်မူနှင့် ၎င်းတို တာဝန်ယူရမည့် ကိစ္စရပ်များ၊ တိုင်းတာရရှိလာသော မြိုကွက်မြေပုံသစ်၌ ဦးပိုင်ခွဲခြား စုံစမ်းခြင်း Tenure Enquire ဆောင်ရွက်မှု၊ လုပ်ငန်း၏ သဘောသဘာဝနှင့် Tenure Enquire နှင့် တစ်ဆက်တည်း မြိုမြေစီမံခန့်ခွဲမှု၌ အရေးပါလှသော မြေပိုင်ဆိုင်မှုမှတ်တမ်း မြေရာဇဝင် (1.A) ၏ ကနဦးမူလအစ ဖြစ်သည့် Townand Roll ကို မည်သိုရေးဆွဲ၍ မြေရာဇဝင်မှတ်တမ်း (၁-က မှတ်ပုံတင်စာရင်း) ဆက်လက် တည်ထောင်ရမှုတိုကို တည်ဆဲဥပဒေ ညွှန်ကြားချက်များနှင့်အညီ ရှင်းလင်းဖော်ပြထားပါသည်။
လယ်ယာမြေကို အခြားနည်း သုံးခွင့်ရပြီးနောက်ပိုင်း လန ၃၉ သိုမဟုတ် လယ ၃၀ ခွင့်ပြုမိန့် ရရှိမြေအပေါ်နောက်ဆက်တွဲ စီမံခန့်ခွဲရသည့် လုပ်ထုံးလုပ်နည်းများ နှင့် ဂရန်မြေအဖြစ် မည်သိုပြောင်းလဲနိုင်မှုများအား လေ့လာသိရှိရန်နှင့် ၁၉၅၃ လယ်နိုင်အက်ဥပဒေ အရ သိမ်းဆည်းခဲ့သော လယ်ယာမြေများအား ၁၈၉၄ မြေသိမ်းဥပဒေတွင် ပြဋ္ဌာန်းထားသော ဈေးကွက်တန်ဖိုး Market Value အရ ပေးလျော်မှုမရှိခဲ့ဘဲ မြေခွန်၏ ၁၂ ဆမှ အဆ ၂၀ သာ ပေးလျော်ခဲ့ရသည်ဆိုသော အကြောင်းရင်းကိုပါ စိစစ် တင်ပြထားပါသည်။
၁၉၅၃ လယ်နိုင် ဥပဒေ အရ သိမ်းယူခြင်းခံရသော လယ်ယာမြေသည် ဓားမဦးချ၊ ဘိုးဘွားပိုင်ဖြစ်စေကာမူ နိုင်ငံတော်က မြေပြန်လည် ရယူချိန်မှစ၍ လယ်ယာမြေ သိမ်းဆည်းခံရသူများ၏ အစဉ်အဆက် တည်ရှိနေသည့် သိမ်းယူခြင်း မပြုမီက သက်ရောက်သမျှသော အခွင့်အရေးအားလုံးသည် ထို လယ်ယာမြေကို နိုင်ငံတော်သမ္မတက ပြန်လည်သိမ်းယူသည့်အခါ၌ လုံးဝရပ်စဲသွားရခြင်းကိုလည်း သိရှိလေ့လာရပါမည်။ မြေခွန်တော်အရပ်ရပ် စည်းကြပ်မှုအကြောင်းအရာနှင့် တစ်ခေတ်တစ်ခါက အဓိကကျသည့် အခွန်တော်ဖြစ်သော လူခွန်တော်နှင့် သဿမေဓခွန်တို၏ ရာဇဝင်တိုကို မြေယာစီမံခန့်ခွဲရေး ပညာရှင်မှ စေ့ငုသေချာစွာ ရှင်းလင်းတင်ပြထားချက်များအား ဗဟုသုတအဖြစ် လေ့လာနိုင်ပါသည်။
ယနေ့ နိုင်ငံတော်၏ Pro-Poor plan အရ Landless Farmers and Small Holder များအား မြေယာချထားမှုစီစဉ်သည့် လုပ်ငန်းတွင် နည်းယူကိုးကား၍ ခေတ်မီ နည်းနိဿယတိုဖြင့် ပြန်လည်အသုံးပြုသင့်သည့် ဗြိတိသျှ ကိုလိုနီခေတ်ကာလတွင် မြေမဲ့ယာမဲ့များအား လယ်ယာလုပ်ကိုင်နိုင်ရန် အစိုးရမှ စီမံဆောင်ရွက်ခဲ့သော နယ်သစ်ဖွင့် မြေချထားမှု စနစ် State Colony System ကိုလည်း ရှာဖွေထုတ်နုတ်၍ တင်ပြထားပါသည်။
🏘️Wisdom House စာအုပ်တိုက်
အခန်း (၀၀၂) မြေညီထပ်၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြိုနယ်၊ ရန်ကုန်မြို့ ။
စာအုပ်မှာယူလိုပါက
Page : Messanger ဒါမှမဟုတ်…
☎️ : 𝟘𝟡𝟚𝟝𝟜𝟙𝟜𝟠𝟝𝟞𝟠
𝟘𝟡𝟡𝟝𝟝𝟘𝟝𝟠𝟝𝟛𝟛
𝟘𝟡𝟞𝟠𝟠𝟞𝟠𝟠𝟟𝟚𝟚
𝙑𝙞𝙗𝙚𝙧 နဲ့ 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 နံပါတ် 0̲9̲2̲5̲4̲1̲4̲8̲5̲6̲8̲ ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။
အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပိုဆောင်ပေးပါတယ်။ အချိုနယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပိုဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် 𝙥𝙖𝙜𝙚 𝙢𝙚𝙨𝙨𝙚𝙣𝙜𝙚𝙧 (cb) ကပဲ မှာယူပေးဖို မေတ္တာရပ်ခံပါတယ်။
Official Website- https://www.facebook.com/wisdomhousepublishing
Official TikTok Account – https://www.tiktok.com/@wisdomhouse.publishing?is_from_webapp=1&sender_device=pc