စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စာ ( Guide to ENGLISH for BUSINESS )
ခေတ်မီတိုးတက် ပြောင်းလဲနေသော ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကြီးထဲတွင် နိုင်ငံတကာနှင့်အညီ စီးပွားရေး လုပ်ငန်းနယ်ပယ်၌ ကျင်လည်မည့်သူများ အားထားနိုင်ရန် စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စာကို အခြေခံကျကျ ရှင်းလင်းတင်ပြထားသည့် ဤစာအုပ်တွင်…
၁။ Organization (စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများ)
၂။ Meetings (အစည်းအေ၀းများ)
၃။ Negotiations (ညှိနှိုင်း ဆွေးနွေးမှုများ)
၄။ Presentations (တင်ပြဆွေးနွေးမှုများ)
၅။ Telephoning (တယ်လီဖုန်းဖြင့် ဆက်သွယ်ခြင်း)
၆။ Socializing and cultural issues (လူမှုရေးနှင့် ယဉ်ကျေးမှုရေးရာ)
၇။ Marketing, advertising and sales (မားကက်တင်း၊ ကြော်ငြာနှင့် အရောင်း)
၈။ Employment (အလုပ် ခန့်ထားခြင်း)
၉။ Banking and finance (ဘဏ်နှင့် ငွေကြေးလုပ်ငန်း)ဟူ၍ အခန်း ၉ ခန်းဖြင့် ခွဲခြားတင်ပြထားပါသည်။နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်အဖြစ် တက်လှမ်းမည့် သင့်ကိုသင် ယုံကြည်စိတ်ချမှု အပြည့်အဝ ရရှိစေရန် ဤစာအုပ်က သင့်အား ပံ့ပိုးဖြည့်ဆည်းပေးပါလိမ့်မည်။စီးပွားရေးလုပ်ငန်းအရ ဆက်ဆံကြတဲ့နေရာမှာ စီးပွားရေးအကြောင်းချည်း မဟုတ်ဘဲ လူအချင်းချင်း တွေ့ဆုံပြီး ခင်မင်ရင်းနှီးမှုနဲ့ ဒီ့ပြင်အကြောင်းတွေလည်း စကားစမြည် ပြောကြရတာပါပဲ။ ဒီတော့ အင်္ဂလိပ်လို ပြောဆိုတဲ့အခါ လူမှုဆောင်တာစကားပြောကို ကျွမ်းကျင်ရင် တစ်ပန်းသာပါလိမ့်မယ်။ ဆိုပါတော့၊ မိတ်ဆွေဟာ တစ်ဖက် ပုဂ္ဂိုလ်တွေနဲ့ စတွေ့တွေ့ချင်းမှာရော၊ စားသောက်နေစဉ်၊ အစည်းအဝေး မစခင်၊ အစည်းအဝေး ပြီးဆုံးလို့ နှုတ်ဆက်ကြရင် လှုမှုဆက်ဆံရေးအရ ဒီလိုပဲ ပြောရမှာ ဖြစ်ပါတယ်။ စီးပွားရေးကိစ္စတွေ အများအပြားဟာ အစည်းအဝေးခန်းမ အပြင်မှာပဲ ခင်မင်ရင်းနှီးမှုသဘောအရ ပြောဆိုဖြစ်မြောက်သွားတတ်ကြပါတယ်။ Socializing and cultural issues (လူမှုရေးနှင့် ယဉ်ကျေးမှုရေးရာ)
လိပ်စာ – အခန်း ၁၀၁၊ တိုက် ၁၁၉၁-၁၁၉၂၊ လက်ဝဲမင်းဒင်လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်း
စာအုပ်မှာယူဖို့အတွက် Facebook Page ၏ Messenger chat box သို့မဟုတ် ဖုန်းနံပါတ် 09254148568 (Viber/ Telegram) သို့ဆက်သွယ်စာရင်းပေးမှာယူနိုင်ပါတယ်။
အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပို့ဆောင်ပေးပါတယ်။ အချို့နယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပို့ဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် page messenger (cb) ကပဲ မှာယူပေးဖို့ မေတ္တာရပ်ခံပါတယ်။
Official Facebook page – https://www.facebook.com/wisdomhousepublishing
Official TikTok Account – https://www.tiktok.com/@wisdomhouse.myanmar