လူငယ်နှင့် ပညာသင်ကြားရေး ဆွေးနွေးခန်း
FM ။ ။ဟုတ်ကဲ့ပါဆရာ၊ ဒီသူငယ်တန်းကနေ ဆယ်တန်းအထိအရွယ် ကလေးတွေကကျတော့ တော်တော်ကလေး ငယ်သေးတဲ့အရွယ်။ ကိုယ် ဘာလုပ်မလဲ၊ ကိုယ် ဘာဖြစ်ချင်သလဲ ဆိုတာ အချို့ကလေးတွေက မသိကြသေးဘူးပေါ့။ ကိုယ့်ကိုယ်ကိုယ် မဆုံးဖြတ်နိုင်သေးဘူး။ အဲဒီလို ကလေးတွေက ပညာကို ရှာတဲ့အခါ ဘယ်လို စိတ်သဘောထားလေးတွေ ထားရမလဲ ဆရာ။
KS ။ ။ ပညာရှာတယ် ဆိုတာနဲ့ ပတ်သက်လို့ ဆရာ ဖြတ်သန်းခဲ့တဲ့ ပညာရှာတာကို ပြောပါမယ်။ သားတို့ သမီးတို့လည်း ဒီခရီးကို ဖြတ်သန်းလာတယ်။ လောကကြီးကို သွားတယ် ဆိုတဲ့အခါ ကိုယ် ဘယ်လို ဆိုတာ မသိနိုင်သေးပေမဲ့ လှမ်းကြည့်ရတယ်။ ကိုယ် ဘာဖြစ်ချင်သလဲ၊ ကိုယ် ဘာလုပ်ချင်သလဲ။ အဓိကကတော့ ပညာနဲ့ အလုပ် လုပ်တာဟာ လောကကြီးမှာ အင်မတန်လည်း သက်သာတယ်။ လိုရာခရီးကိုလည်းချောချောမွေ့မွေ့ ရောက်တတ်တယ်။ အဲဒီတော့ ကိုယ်က ဆရာဝန် လုပ်ချင်သလား၊ အင်ဂျင်နီယာ လုပ်ချင်သလား။ ဘာလုပ်ချင်သလဲဆိုတာကို သိပ်ငယ်သေးတဲ့ ကလေးတွေ မဆုံးဖြတ်နိုင်တာမျိုး ရှိပါလိမ့်မယ်။ သား မေးတဲ့ မေးခွန်းကလေးကောင်းပါတယ်။အဲလို မသိနိုင်သေးတဲ့ အချိန်မှာ ကိုယ်က ဘာလုပ်ရမလဲ ဆိုလို့ရှိရင် ကိုယ် တက်နေတဲ့ ပညာကို တတ်မယ်ဆိုရင် ကျိန်းသေ ငါ ရောက်နေတဲ့ အဆင့်ထက် ပိုပြီးတော့ ကောင်းမယ်ဆိုတာ လုံးဝ ယုံကြည်ရမယ်။ သူ့ရှေ့က လူတွေ ကို လှမ်းကြည့်လိုက်ရင် ပညာတတ်လို့ အကုန်လုံးကပြီးမြောက်နိုင်တယ် ဆိုတာ တွေ့နိုင်တယ်။ လောလောဆယ်အချိန်မှာ သူဟာ မသိနိုင်ဘူး ဆိုလည်း ထားလိုက်။ လောလောဆယ် ကိုယ် တက်နေတဲ့ စာ၊ သင်နေတဲ့ပညာကို ငါ ကျေကျေလည်လည်နဲ့ ပေါက်ပေါက်မြောက်မြောက် အောင်မြင်အောင် လုပ်နိုင်ရင် ငါ လက်ရှိ ရောက်နေတဲ့အဆင့်ထက် ပိုပြီးတော့ ကောင်းမယ့်နေရာ ကျိန်းသေ ရောက်မယ်လို့ ဒီလို တွေးတတ်ရမည်။ဥပမာ- ဆရာ သားတွေ သမီးတွေကို ပြောပြချင်တာက စာတစ်ခုကို ရအောင် ကျက်ကြည့်လိုက်ပါ။ အဓိကအားဖြင့် အထက်တန်းကလေးတွေကို ပြောချင်တာက စာကျက်ပြီးသွားတဲ့အခါ ဘာစိတ် ပေါ် သလဲ။ သားတို့ သမီးတို့လည်း ဖြတ်သန်းလာခဲ့ပြီးပြီ။ စာ ဆိုတာကို ရရင်အနည်းဆုံး ပျော်ရွှင်မှု၊ ကျေနပ်မှု ဆိုတာ ရှိတယ်။ သချာင်္တစ်ပုဒ် ဖြေရင် ဘယ်လို နေသလဲ။ ပြီးသွားရင် အဖြေရရင် ပျော်တယ်၊ ကျေနပ်တယ်။ ဘာလို့လဲဆိုတော့ ကိုယ် လုပ်တဲ့အလုပ် ပြီးမြောက်ခြင်း ဆိုတာကို အရင်ဆုံး ရလို့ပဲ။အဲဒီတော့ ဆရာ ပြောချင်တာက ပန်းတိုင်ကို လှမ်းမြင်မှ ဆိုပေမဲ့ တစ်ခါတလေကျရင် ကိုယ်က ဘာဖြစ်ချင်မှန်း မသိဘူးဆိုရင် ယုံကြည်စိတ်တစ်ခုကို ထားပါ။ ဘာယုံကြည်စိတ် ရှိမလဲ။ ကိုယ့်ကိုယ်ကိုယ် ပိုပြီးတော့ ဒီထက် ကောင်းတဲ့၊ ဒီထက် အဆင့်မြင့်တဲ့ နေရာကို ရောက်မယ်လို့ ယုံကြည်စိတ် ထားလိုက်လို့ရှိရင် လက်ရှိ ပညာသင်ကြားနေတာကို စိတ်ပါလက်ပါ ပိုဖြစ်သွားတယ်။ အရေးကြီးတာ ကိုယ့်စိတ်ကိုယ် နိုင်ပြီး ကိုယ့်စိတ်ကို ဆုံးမနိုင်ရမယ်။ ဒါပြောချင်တာ။
( ကြည်ရွှန်း ၏ လူငယ်လမ်းညွှန် ဘဝမီးရှူးတိုင် စာအုပ် မှ )
လိပ်စာ – အခန်း ၁၀၁၊ တိုက် ၁၁၉၁-၁၁၉၂၊ လက်ဝဲမင်းဒင်လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်း
စာအုပ်မှာယူဖို့အတွက် Facebook Page ၏ Messenger chat box သို့မဟုတ် ဖုန်းနံပါတ် 09254148568 (Viber/ Telegram) သို့ဆက်သွယ်စာရင်းပေးမှာယူနိုင်ပါတယ်။
အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပို့ဆောင်ပေးပါတယ်။ အချို့နယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပို့ဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် page messenger (cb) ကပဲ မှာယူပေးဖို့ မေတ္တာရပ်ခံပါတယ်။
Official Facebook page – https://www.facebook.com/wisdomhousepublishing
Official TikTok Account – https://www.tiktok.com/@wisdomhouse.myanmar