သဒ္ဒါနည်းကျ မြန်မာဝါကျဖွဲ့ထုံးဆိုင်ရာ ရှင်းလင်းချက်များ

ဝါကျတစ်ကြောင်း ရေးတဲ့အခါ ပထမဦးဆုံး သတိထားရမှာက စာလုံး ပေါင်းသတ်ပုံ ဖြစ်ပါတယ်။ စာလုံးပေါင်း သတ်ပုံဟာ ဝါကျ ဖွဲ့စီရာမှာ အရေးကြီးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ရေးထုံး လွဲတာနဲ့ အဓိပ္ပာယ်ပါ လွဲသွားတတ်တာကြောင့် ဖြစ်ပါတယ်။ စာရေးဆရာမ တစ်ယောက် ရေးတဲ့စာအုပ်ကို ဖတ်ချင်လို့ ‘ဖတ်ချင်လိုက် တာ ဆရာမရယ်’လို့ ရေးတာ (ရေးရမှာ) ကို ‘ဖက်ချင်လိုက်တာ ဆရာမ ရယ်’ လို့ ‘ဖတ်’ နေရာမှာ ‘ဖက်’ ဖြစ်သွား မယ် ဆိုရင် အဓိပ္ပာယ်ချင်းက အများကြီး ပြောင်းလဲသွားပြီးတော့ ရိုင်းပျတဲ့သဘော ဖြစ်သွားပါမယ်။ ကာယကံရှင် က နားလည်ပေးရင်တောင် မျက်နှာပူစရာ ဖြစ်ရပါတယ်။

စည်းစနစ် ကျနလှတဲ့ မြန်မာဝါကျ ဖွဲ့စည်းပုံ သဘော သဘာဝတွေကို ကျေကျေလည်လည် သိရှိသဘောပေါက် သုံး နှုန်းနိုင်ကြစေဖို့ ရည်သန်ပြီး မြန်မာစာ ချစ်မြတ်နိုးသူ၊ ရေးထုံး ကျကျ သိရှိ လေ့လာလိုသူတွေအတွက် ဒီ ‘ဝါကျဖွဲ့ထုံး မှန်စွာသုံး’ စာအုပ်ကို အားထုတ် တင်ပြဖြစ်တာပါ။ ( စာရေးသူ၏ အမှာစာ မှ )

ဝါကျတစ်ကြောင်းမှာ ပါဝင်တဲ့ စကားလုံးတွေကို အနုစိတ် ခွဲခြား ကြည့်လို့ ရပါတယ်။ ဝါကျတစ်ကြောင်း တည်ဆောက်ပုံကို အသေး ဆုံး အစိတ်အပိုင်းကနေ ဝါကျအဆင့်အထိ ခွဲစိတ်ကြည့်မယ် ဆိုရင် ‘စကားလုံး၊ ပုဒ်၊ ပုဒ်စု၊ ဝါကျကဏ္ဍ၊ ဝါကျ’ ဆိုပြီး အဆင့်ဆင့် ခွဲခြားကြည့်နိုင်ပါတယ်။ ‘စကားလုံး’ဟာ အနိမ့်ဆုံးအဆင့် ဖြစ်ပြီး တော့ ‘ဝါကျ’ ကတော့ အမြင့်ဆုံးအဆင့် ဖြစ်ပါတယ်။ ဆိုလိုတာက ဝါကျ တည်ဆောက်ရာမှာ ‘စကားလုံး’ ဟာ အခြေခံအကျဆုံး သဒ္ဒါ အစိတ်အပိုင်းပါပဲ။ ( ဝါကျကို ခွဲစိတ်ခြင်း မှ )

မြန်မာဘာသာမှာ ‘အရေးစကားပြေ’ နဲ့ ‘အပြောစကားပြေ’ ဆိုပြီး ရေးဟန် နှစ်မျိုး ကွဲကွဲပြားပြားရှိနေတာကို အတော်များများ သိကြမှာပါ။ သိသာသိပေမဲ့လဲ ဘယ်လိုကွဲပြားတယ် ဆိုတာကိုတော့ ရေရေရာရာ သတိမူကြသူ နည်းပါးလှပါသေးတယ်။ ( ဝါကျထဲရှိ စကားလုံး အသုံး ပြောင်းလဲပုံ မှ )

ဝါကျစီဖွဲတဲ့အခါ အဓိပ္ပယ် ထိထိမိမိ ဖြစ်ဖို့ဆိုရင် ဝါစင်္ဂ ၉ ပါးဖြစ်တဲ့ ‘နာမ်၊ နာမ်စား၊ ကြိယာ၊ ကြိယာဝိသေသန၊ နာမဝိသေသန၊ ဝိဘတ်၊ သမ္ဗန္ဓ၊ ပစ္စည်း၊ အာမေဍိတ်’ ဆိုတဲ့ ဝါစင်္ဂတွေကို နေရာတကျ ထည့်သွင်းသုံးနှုန်းတတ်ဖို့ လိုပါတယ်။

 လိပ်စာ – အခန်း ၁၀၁၊ တိုက် ၁၁၉၁-၁၁၉၂၊ လက်ဝဲမင်းဒင်လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်း

စာအုပ်မှာယူဖို့အတွက် Facebook Page ၏ Messenger chat box သို့မဟုတ် ဖုန်းနံပါတ် 09254148568 (Viber/ Telegram) သို့ဆက်သွယ်စာရင်းပေးမှာယူနိုင်ပါတယ်။

အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပို့ဆောင်ပေးပါတယ်။ အချို့နယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပို့ဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် page messenger (cb) ကပဲ မှာယူပေးဖို့ မေတ္တာရပ်ခံပါတယ်။

Official Facebook page – https://www.facebook.com/wisdomhousepublishing

Official TikTok Account – https://www.tiktok.com/@wisdomhouse.myanmar

Leave a Reply

Your email address will not be published. Required fields are marked *