Business Strategy Brian Tracy
မဟာအလက်ဇန်းဒါးမှသည် IBM နှင့် General Electronic(GE) ကုမ္ပဏီတို့၏ လက်တွေ့ ဖြစ်ရပ်များကို ရယူပြီး အခွင့်အလမ်းများ တိုးတက်လာရန်နှင့် ရင်းနှီးမြုပ်နှံမှု ပြန်ရနှုန်း (ROI) မြင့်တက်လာစေရန် လက်တွေ့ အသုံးချပြီး အောင်မြင်ခဲ့သော နည်းလမ်းများကို ဤစာအုပ်တွင် ဖော်ထုတ် တင်ပြထားပါသည်။ အကျိုးကျေးဇူး ကြီးမားသလောက် သယ်ဆောင်ရ လွယ်ကူသည့် ဤ စီးပွားရေးလုပ်ငန်း မဟာဗျူဟာ စာအုပ်က မိတ်ဆွေ၏လုပ်ငန်းကို မိတ်ဆွေ ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ် ထိန်းသိမ်းသွားနိုင်ရန် ထောက်ကူပေးပါလိမ့်မည်။စီးပွားရေးလုပ်ငန်း မဟာဗျူဟာ ချမှတ်ခြင်းသည် ဦးစားပေး အစီအစဉ်များကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်နိုင်ခြင်း၊ ရင်းမြစ်များကို စုစည်း စီစဉ်နိုင်ခြင်းနှင့် ယခင်ကထက် ပိုမိုကောင်းမွန်သည့် ရလဒ်များ ရရှိလာနိုင်ခြင်း စသော အကျိုးကျေးဇူးများကို ဖြစ်ထွန်းလာစေနိုင်ပါသည်။ အမှတ်တမဲ့ဆိုလျှင် ရှုပ်ထွေးမည်ဟု ထင်ရသော်လည်း စာရေးသူ ဘရိုင်ယန် ထရေစီက မဟာဗျူဟာ စီမံချက် ချမှတ်ခြင်းနှင့် စပ်လျဉ်း၍ အရေးအကြီးဆုံး သင်ခန်းစာများကို လက်တွေ့ အသုံးချ ဤစာအုပ်တွင် ရှင်းလင်းစွာ တင်ပြ မျှဝေထားပါသည်။
#စာမြည်း ကြီးမြတ်တဲ့ အောင်ပွဲတွေ လိုချင်တယ်ဆိုရင် မိတ်ဆွေရဲ့ စီးပွားရေး လုပ်ငန်း အဆင့်တိုင်းအဆင့်တိုင်းမှာ မိတ်ဆွေရဲ့ ပန်းတိုင်နဲ့ ရည်မှန်း ချက်တွေ ရှင်းရှင်း လင်းလင်း ဖြစ်နေရပါမယ်။ မိတ်ဆွေက ဘာကို ပြီးမြောက်ချင်သလဲ၊ အဲဒါကို ပြီးမြောက်ရအောင် ကိုယ် ဘယ်လို လုပ်မလဲ ဆိုတာကို ကိုယ်က တိတိကျကျ သိနေရပါမယ်။ #ထိရောက်ထက်မြက်သောမဟာဗျူဟာဥပဒေသများ မှ
မနက်ဖြန်ကျရင် ဒီလုပ်ငန်း ဘယ်လိုဖြစ်မလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ မိတ်ဆွေရဲ့ လုပ်ငန်းမှာ ဘာတွေ ဖြစ်လာနိုင်ခြေ ရှိပါ သလဲ၊ မိတ်ဆွေရဲ့ လုပ်ငန်း ပြောင်းလဲတာနဲ့ အမီလိုက်ပါရအောင် မိတ်ဆွေ ဘယ်လို မတူခြားနားတာတွေကို လုပ်မလဲ ဒါမှမဟုတ် ဘယ်လို နယ်ပယ်သစ်တွေကို သွားမလဲ၊ မတူကွဲပြား ခြားနားတဲ့ နည်းလမ်းတွေ၊ နေရာဒေသတွေ ပေါ်လာရင် ဘယ်လိုထုတ်ကုန် သစ်တွေ၊ ဝန်ဆောင်မှုသစ်တွေကို မိတ်ဆွေ ဖော်ထုတ်ပြီး ရောင်းချ မှာပါလဲ။#အနာဂတ်ကနေပြန်စ မှ
#ဒီစာအုပ်မှာဖတ်ရမှာတွေက မည်သည့် မဟာဗျူဟာ စီမံချက်မျိုးတွင်မဆို မေးမြန်းသင့်သော အရေးပါသည့် မေးခွန်း ငါးခု၊ လူအများ စိတ်ပါဝင်စား တက်ကြွလာစေမည့် ကုမ္ပဏီ ရည်မှန်းချက် ချမှတ်ခြင်း၊ဈေးကွက်ဝေစု/ဈေးကွက်ကြီးထွား ဖွံ့ဖြိုးမှုနှင့် မဟာဗျူဟာ/လက်တွေ့ အကောင်အထည်ဖော်မှု အပေါ် ဖြစ်ပျက်ပြုပြင်ရမည့် အခြေအနေများ၊ ပြိုင်ဆိုင်မှုနှင့် ဆက်စပ်သော မိမိကိုယ်ကို ပေါ်လွင်လာအောင်လုပ်ခြင်း၊ ထုတ်ကုန်သစ်၊ ဝန်ဆောင်မှုသစ်နှင့် နည်းပညာသစ်တို့ဖြင့် မိမိလုပ်ငန်းကို နေရာပြန်ယူခြင်း၊ အောင်မြင်မှုကို ရှင်းလင်း ပြတ်သားသော ဘဏ္ဍာရေးဆိုင်ရာ ရည်မှန်းချက်များနှင့် တိုင်းတာခြင်း စတာတွေ ဖြစ်ပါတယ်။
🏡 – အခန်း ၁၀၁၊ တိုက် ၁၁၉၁-၁၁၉၂၊ လက်ဝဲမင်းဒင်လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်း
စာအုပ်မှာယူဖို့အတွက် Facebook Page ၏ Messenger chat box သို့မဟုတ် ဖုန်းနံပါတ် 09254148568 (Viber/ Telegram) သို့ဆက်သွယ်စာရင်းပေးမှာယူနိုင်ပါတယ်။
အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပို့ဆောင်ပေးပါတယ်။ အချို့နယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပို့ဆောင်ပေးပါတယ်။ ❗စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် page messenger (cb) ကပဲ မှာယူပေးဖို့ မေတ္တာရပ်ခံပါတယ်။