About Us

Wisdom House စာအုပ်တိုက်ကို ၂၀၀၆ ခုနှစ်ဇွန်လ ၁ ရက်နေ့မှာ စတင်တည်ထောင်ခဲ့သည်။
စာအုပ်တိုက်တည်ထောင်ရခြင်း အဓိကရည်ရွယ်ချက်မှာ စာပေအသိပညာဖြင့် မိမိတို့ နေထိုင်ရာ လောကဝန်းကျင်ကို သာယာလှပစေရေး၊ ငြိမ်းချမ်းသာယာသော လူ့ဘောင်ဖြစ်စေရေးနှင့်
အဆိုပါ လူ့ဘောင်တွင် ပါဝင်သူအသီးသီး၏ တွေးခေါ်ဆင်ခြင်နိုင်စွမ်း မြှင်တင်ပေး​ရေးတို့တွင် အရေးပါလှသော ပညာကို တတ်စွမ်းသမျှ ဖြန့်ကျက်ပွားများပျံနှံ့နိုင်ရန် ဖြစ်ပါသည်။

စာအုပ်တိုက်တစ်ခု ရေရှည်ရပ်တည်နိုင်ရေးကိုလည်း ​ရှေးရှူသောအားဖြင့် ​ရှေးက အစဥ်အလာရှိခဲ့သော စာအုပ်တိုက်ကြီးများ၏ နမူနာများကိုလည်း မေးမြန်းနမူနာရယူကာ ကြိုးစားအားထုတ်ခဲ့ပါသည်။ ဦးစွာအားဖြင့် စာအုပ်တိုက်ကို ဦးဆောင်တည်ထောင်သူတို့၏ ကျွမ်းကျင်ရာ ဘာသာရပ်များကို အဓိကဦးစားပေး အဖြစ် စီစဥ်ထုတ်ဝေပါသည်။

ပညာရပ်ဆိုင်ရာများကို စီစဥ်ထုတ်ဝေနေသည့်အတွင်းမှ နှစ်သက်ရာ စိတ်ကြိုက်လက်ရွေးစင် ရသစာပေအချို့ကိုလည်းထုတ်ဝေခဲ့ပါသည်။

အလိမ္မာ စာမှာရှိ၊ စာတစ်လုံးဘုရားတစ်ဆူ ဟု မှတ်သားခဲ့ဖူးသည်ဖြစ်ရာ ဖတ်ရှုမှတ်သားကြမည့်သူများ အကျိုးများ​​ေစရန်နှင့် အကျိုးမပွားစေဦး၊ ဝိဝါဒကွဲပြားမှုမှ ကင်းပသက်သာစေရန် ဦးတည်ပြီး မိမိတို့တတ်နိုင်သရွေ့ ထုတ်ဝေမည့်စာအုပ်များကို တည်းဖြတ်သုတ်သင်နိုင်ရန် အားထုတ် ကြိုးပမ်းနေဆဲဖြစ်ပါ၏။

ယခုနှစ်ကာလအတွင်း အခြေအနေ အရပ်ရပ်ကြောင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းများသည်လည်း တုံ့နှေးရပ်ဆိုင်းမှုအချို့ တွေ့ကြုံရသော်လည်း Wisdom House မှာ ချစ်စွာသောစာဖတ်ပရိသတ်များ အားပေးထောက်ကူမှုကြောင့် အားမပြတ်ခဲ့သည်ကိုလည်း အထူးပင် ကျေးဇူး မှတ်တမ်းပြုရပါသည်။

ဆက်လက်၍လည်း အခြေအနေ ပေးသည်နှင့်တစ်ပြိုင်နက် သုတရသ စာအုပ်ကောင်းများ စဥ်ဆက်မပြတ် ဆက်လက်စီစဥ်ထုတ်ဝေသွားမည်ဖြစ်ပါကြောင်း မေတ္တာစကားပါးအပ်ပါသည်။