ယခုစာအုပ်ပါ အောင်မြင်မှု ဥပဒေသများက သင် ပိုမိုပြည့်စုံကြွယ်ဝသော ဘဝသို့ ရောက်ရှိစေရန် သင့်ကို နှိုးဆွပေးမည်ဖြစ်သလို ခွန်အားလည်း ဖြည့်ဆည်းပေးပါလိမ့်မည်။ ဤစာအုပ်နှင့်အတူ လိုက်ပါ ပြောင်းလဲနိုင်ရန် သင် အဆင်သင့်သာ ပြင်ဆင်ထားလိုက်ပါ။ Kathy Smithအမေရိကန် ကျန်းမာကြံ့ခိုင်ရေးဘက်တွင် ထိပ်တန်းအရေးပါပုဂ္ဂိုလ်သင်၏ ရည်မှန်းချက် ပန်းတိုင်မှာ ပိုမိုကြီးမားသော ပြီးမြောက် အောင်မြင်မှုနှင့် ငွေကြေးပိုမို ရရှိလာနိုင်ရေး၊ အားလပ်ချိန်များများ ရရှိနိုင်ရေးနှင့် စိတ်ဖိအား လျော့နည်းလာနိုင်ရေးတို့ ဖြစ်သည် ဆိုလျှင် ဤစာအုပ်ကို ဖတ်ရှု၍ မှန်ကြောင်း သက်သေပြသပြီးသော ဥပဒေသများအတိုင်း လိုက်ပါ အကောင်အထည်ဖော် ရန်ပင် ဖြစ်တော့သည်။ Les Brown Live Your Dreams and Conversation on Successစာအုပ်ကို ရေးသားသူဂျက်၏ အဓိက ဥပဒေသများနှင့် တန်ဖိုးများကို သင်ကိုယ်တိုင် လိုက်ပါ အကောင်အထည်ဖော်ရင်းဖြင့် မိမိစိတ်သန္တာန်တွင် တည်ငြိမ်အေးချမ်းမှု ရရှိလာမည် ဖြစ်သလို သင် ရှာဖွေနေသော မည်သည့် အောင်မြင်မှုမျိုး မဆိုကိုလည်း ဆုပ်ကိုင်နိုင်ပေလိမ့်မည်။ ဤအောင်မြင်မှု ဥပဒေသ စာအုပ်တွင် ဂျက်က သင့်ကို လမ်းပြမြေပုံ ချပေးလိုက်ပြီဖြစ်ပေရာ သင် လိုက်ပါလုပ်ဆောင်ရန်သာ လိုပေတော့သည်။ Hyrum W.Smith Franklin Covey ကုမ္ပဏီကို တည်ထောင်သူနှင့် ဒုတိယ ဥက္ကဋ္ဌဂျက် ကင်းန်ဖီးလ်၏ အောင်မြင်မှု ဥပဒေသ စာအုပ်တွင် သူက နယ်ပယ် အသီး သီး၌ မြင့်မြင့်မားမား အောင်မြင်မှု ရရှိထားသူများ ကျင့်သုံးနေသည့် အချိန်က မှတ်ကျောက်အတင်ခံနိုင်သော နည်းလမ်းများကို လွယ်ကူ ရှင်းလင်းစွာ ရေးသား ထားပေသည်။ ဤနည်းလမ်းများက သင် စိတ်ကူးအိပ်မက် မက်ရဲလျှင် မက်ရဲ သလောက် သင့်ကို ခေါ်ဆောင်သွားပေလိမ့်မည်။ သင်က အောင်မြင်မှုကို မည်သို့ ပင် အဓိပ္ပာယ်ဖွင့်ဆိုသည်ဖြစ်ပါစေ၊ ဤစာအုပ်က သင့်ကို ထိုအောင်မြင်မှုဆီသို့ ရောက်ရှိအောင် ခေါ်ဆောင်သွားပါလိမ့်မည်။

Jeff Liesener ( High Achievers Network ဥက္ကဋ္ဌ )

Leave a Reply

Your email address will not be published. Required fields are marked *