ကိုယ်တိုင် တွေ့ပြီးမှ သိရသော အသိမျိုး သို့မဟုတ် တွေ့သိသည် ခိုင်မြဲ တတ်သော်လည်း အဖိုးအခ အလွန်ကြီးလှပေသည်။ သူတစ်ပါးတို့၏ အတွေ့အကြုံများကို ဆင်ခြင်သုံးသပ်ကြည့်ရင်းမှ ရလာအပ်သော အသိမျိုး သို့မဟုတ် တွေးသိကား အရင်းအနှီးများစွာ မကုန်ကျဘဲ ရနိုင်သော အသိမျိုး ဖြစ်သည်။ ပညာရှိတို့သည် တွေ့သိကို အားမပြုကြ။ တွေးသိကိုသာ အားပြုကြပေသည်။ ဘဝအတွက် အသုံးဝင်တာချင်း တူလျှင် တွေ့သိက စိုက်ထုတ်ရသည့် အရင်းအနှီး များပြီး တွေးသိက သက်သက်သာသာဖြင့် ရနိုင်သောကြောင့် ဖြစ်သည်။ ( တွေ့သိနှင့် တွေးသိ မှ )

ဘဝတွင် ကိုယ့်ကိုယ်ကိုယ်လည်း ချစ်တတ်ဖို့ လိုပါသေး၏။ ကိုယ့် ကိုယ်ကိုယ် မချစ်နိုင်တော့ဘဲ ကိုယ့်ဘာသာကိုယ် ပြန်မုန်းသူ အဖြစ်သို့ပါ ရောက်သွားပါက ကိုယ် အခင်တွယ်ဆုံး ဆိုသော ကိုယ့် အသက်ကိုပင် မခင်တွယ်ချင်တော့သည့် အခြေအနေမျိုးအထိ ရောက်သွားနိုင်သည်။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည် သူတို့သည် ကိုယ့်ကိုယ်ကိုယ်ပင် မုန်းလာသောကြောင့် သော်လည်း ကောင်း၊ ကိုယ့်ဘဝကို ခင်တွယ်စရာအဖြစ် မမြင်နိုင်တော့သော ကြောင့် သော်လည်းကောင်း ထိုသို့ သေကြောင်း ကြံစည်ကြခြင်း ဖြစ်သည်။ ( နောင်တ မှ )

အနုစွမ်းရည် ဆိုသည်မှာ လူများနှင့် စပ်ဆိုင်သည့် အရည်အချင်း ဖြစ်ပါ၏။ လူများကို ကောင်းစွာ ဆက်ဆံတတ်ခြင်း၊ ပြဿနာ ပေါ်လာလျှင် ဆုံးဖြတ်တတ်ခြင်း၊ စေ့စပ်ညှိနှိုင်းတတ်ခြင်း၊ ပြဿနာ ဖြေရှင်းရာ၌ ထိုးထွင်းဉဏ်သုံး၍ ဖြေရှင်းတတ်ခြင်း၊ မဟာဗျူဟာ ကျသော စဉ်းစားနည်းမျိုးကို စဉ်းစားတတ်ခြင်း၊ အစုအဖွဲ့ကို ကောင်းစွာ တည်ဆောက်တတ်ခြင်း လူအများအပေါ် သြဇာ ညောင်းခြင်း၊ ကိုယ့်ပစ္စည်း စွံအောင် ရောင်းတတ်ခြင်း စသော အရည်အချင်းများမှာ အနုစွမ်းရည်များ ဖြစ်ကြပါသည်။
( အနုစွမ်းရည် မှ )

အဖေသည် ပညာရှိခြင်းနှင့် သူတော်ကောင်း ဖြစ်ခြင်းကို ခွဲခြား ကြည့်တတ်သည်။ ‘‘လူလေးရေ … ‘ရာဇသကြန် ပညာလျှံ၊ ပုဂံပြည် လုံးကဲ’လို့ ကဝိ လက္ခဏ သတ်ပုံမှာ စာအစပ်ခံရတဲ့ ရာဇသကြန်ဟာ ပညာကြီးတာတော့ မှန်လိမ့်မယ်၊ ဒါပေမဲ့ သူဟာ စိတ်သဘောထား မြင့်မြတ်တဲ့ သူတော်ကောင်းလို့တော့ ဆိုဖို့ ခက်တယ်၊ သီဟသူ ကွမ်းသွေးနဲ့ ထွေးတဲ့ ဝတ်ရုံကြီးကို သူ တစ်သက် လုံး အငြိုးအတေးနဲ့ သိမ်းထားတာ ကြည့်ပါလား’’ ဟု ပြောပါသည်။
( အဖေ့ကျေးဇူး မှ )

လောကကြီးအပေါ် မကျေနပ်ခြင်း၊ ကိုယ့်ထက် သာသူများအပေါ် ဝမ်းမြောက်စိတ်မထားဘဲ မနာလိုဝန်တိုစိတ် ဖြစ်မိခြင်း၊ ကိုယ့်ထက် ချမ်းသာသူများနှင့် လိုက်တိုင်းကာ ငါက နိမ့်ကျ နုံချာလေသည်ဟု ထင်မြင်ခံစားခြင်း စသည်တို့မှာ စိတ်ခွန်အား ယုတ်လျော့ ဆင်းရဲ သွားစေသော အကြောင်းများ ဖြစ်သည်။ ဆင်းရဲသူများသည် ထိုသဘောများကို မဆင်ခြင်မိဖြစ်ကြသဖြင့် စိတ်ပါ ဆင်းရဲပြီး တကယ် ဆင်းရဲသွားကြခြင်း ဖြစ်သည်။
( သီချင်းဆိုတတ်ပါစေ မှ )

ကျွန်တော်တို့သည် ရှေးရှေးဘဝက ပြုခဲ့သော အကျိုးမပေးရသေးသော မကောင်းကံ၊ ကောင်းကံတို့ကို ကိုယ် လိုရာ ပြန်ပြင်ယူ ၍ မရနိုင်တော့သော်လည်း ပစ္စုပ္ပန်ဘဝ၏ ကံများကိုမူ ကိုယ် ပြုပြင်၍ ရနိုင်ကြသည်။ မကောင်းကျိုးများချည်း ရနေခြင်းကို မလိုလားတော့၍ ကောင်းကျိုးပဲ လိုချင်တော့သည်ဆိုလျှင် ကောင်းတာများပဲ ရွေးချယ် လုပ်လိုက်သောအားဖြင့် ကိုယ့်ကံ ကောင်းလာအောင် ပြင်ယူနိုင်ပါသည်။ ကိုယ် ပိုင်သော ပစ္စုပ္ပန် အချိန်ကို ကောင်းစွာ အသုံးချသွားနိုင်လျှင် ကောင်းတာများနှင့် ကြုံရဖို့သာ များလာပါမည်။
( မျိုးစေ့ကတော့ မှားမ‌ပေါက် မှ )

🏘️Wisdom_House_စာအုပ်တိုက်
အခန်း (၁၀၁)၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်။

Page : messanger ဒါမှမဟုတ်…
☎️ : 09254148568
09955058533
09688688722
Viber နဲ့ Telegram နံပါတ် +959254148568 ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။

အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပို့ဆောင်ပေးပါတယ်။ အချို့နယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပို့ဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် page messenger (cb) ကပဲ မှာယူပေးဖို့ မေတ္တာရပ်ခံပါတယ်။

Official Facebook page – https://www.facebook.com/wisdomhousepublishing

Official TikTok Account – https://www.tiktok.com/@wisdomhouse.myanmar