‘မိသားစု‘ ဟူသည် ‘အမိအဖတိုနှင့် သားသမီးများ ချစ်ခင်စွာ စုစည်း ဖွဲနှောင်ထားသည့် လူမှုအသိုက်အအုံကလေး’ ဖြစ်ပါသည်။
ဆရာဦးတင်ဦး (ကျူရှင်) က Family မဂ္ဂဇင်းတွင် ရေးသားခဲ့သော အောက်ဖော်ပြပါ ဆောင်းပါးများ အပါအဝင် မိသားစုရေးရာအဖြာဖြာ ဆောင်းပါး စုစုပေါင်း ၂၄ ပုဒ် ပါဝင်သည့် စာအုပ်ကို ဒုတိယအကြိမ် အဖြစ် ထုတ်ဝေလိုက်ပါသည်-
– မေတ္တာသစ္စာ၊
– မောင်တစ်ထမ်း မယ်တစ်ရွက်၊
– အိုအောင်မင်းအောင် ပေါင်းနိုင်ပါစေ၊
– တော်လေးဝနှင့် ယောကျာ်းကောင်း၊
– ကောင်းတိုင်ပင် ဆိုးတိုင်ပင်၊
– လင်နှင့်မယား လျှာနှင့်သွား၊
– စိတ်တူကိုယ်တူ ကြည်ကြည်ဖြူ၊
– အချစ်နှင့် ငွေ၊
– အငယ်အနှောင်း ပြဿနာ၊
– သားသမီးကို ပြုစုပျိုးထောင်ခြင်း။
ဤစာအုပ်သည် ယခင် ဆောင်းပါးပေါင်းချုပ်စာအုပ်များနှင့် မတူပါ။ ယခင်စာအုပ်များသည် စာစောင်မဂ္ဂဇင်း အမျိုးမျိုးအဖုံဖုံတို၌ ရေးလာခဲ့သော အကြောင်းအရာ မျိုးစုံကို ခြယ်မှုန်းထားသည့် ဆောင်းပါးများ ကို ပြန်လည် စုစည်း ထုတ်ဝေသည့် စာအုပ်များ ဖြစ်သည်။ ယခု စာအုပ်ကား မဂ္ဂဇင်းတစ်စောင်တည်း၌ အကြောင်းအရာ တစ်ခု အပေါ်ကိုသာ အာရုံစိုက် ရေးသားထားသည့် ဆောင်းပါးများကို ချည်း စုစည်းပုံနှိပ်ထားသည့်စာအုပ် ဖြစ်သည်။ ထိုကြောင့် ဤစာအုပ်သည် တစ်မူထူးခြားသည်ဟု ဆိုရပါမည်။
(စာရေးသူ၏ အမှာစကား မှ)
အိမ်ထောင်ရှင် ဇနီးမောင်နှံတို များများ ချစ်ကြပါ။ (များများ ချစ်ကြပါ ဟူသည်ကား အချစ်ပမာဏ များအောင် ပြုကြပါဟု ဆိုလိုသည်။) များများ ချစ်လေ မောင်တစ်ထမ်း မယ်တစ်ရွက် စိတ်ဓာတ် အားကောင်းလေ ဖြစ်ပါသည်။ မောင်တစ်ထမ်း မယ်တစ်ရွက် စိတ် ဓာတ်သည် အားကြီးသော စိတ်တန်ခိုးကို ပေးလိမ့်မည်။ ထိုစိတ် တန်ခိုးသည် မြင်းမိုရ်တောင်ကို ကျော်လွှားလိုက ကျော်လွှားနိုင်သော သတ္တိအထိ ပေးစွမ်းနိုင်သည်ကို ယုံပါလေ။
(မောင်တစ်ထမ်း မယ်တစ်ရွက် မှ)
သားသမီးများကို ကောင်းစွာ မွေးမြူ ထိန်းကျောင်းလာနိုင်ခြင်း မရှိ ပါသော် မိဘတိုအဖို သင်းတိုကို မွေးမိတာ ‘ဝမ်းရေစပ်’ သွားနိုင်ကြပါသည်။ သင်းတိုသည် ‘အိမ်ပူရေဆာ အလွန်နိုင်သည်’ ဟူ၍ ဖြစ်သွားနိုင်ပါသည်။ ငယ်ကသော် သား၊ ကြီးသော် ကျား ဖြစ်သွားနိုင်ပါ သည်။ ငယ်ကသော် သမီး၊ ကြီးသော် မီး ဖြစ်သွားနိုင်ပါသည်။
(သားသမီးများကို ပြုစုပျိုးထောင်ခြင်း မှ)
စျေးနှုန်း – ကျပ် ၁၅၀၀၀
🏘️Wisdom House စာအုပ်တိုက်
အခန်း (၀၀၂) မြေညီထပ်၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
စာအုပ်မှာယူလိုပါက
Page : Messanger
ဒါမှမဟုတ်…
☎️ : 09254148568
09955058533
09688688722
viber နဲ့ Telegram နံပါတ် 09254148568 ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။
အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပိုဆောင်ပေးပါတယ်။ အချိုနယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပိုဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် (cb) ကပဲ မှာယူပေးဖို မေတ္တာရပ်ခံပါတယ်။
Official Facebook – https://www.facebook.com/wisdomhousepublishing
Official TikTok Account – https://www.tiktok.com/@wisdomhouse.publishing?is_from_webapp=1&sender_device=pc