“အစ်ကို”
“ဟင်”
“အစ်ကို့ကို ကြည်ပြာ သိပ်ချစ်တာ အစ်ကို သိထားတယ်နော်”
“သိတာပေါ့ ကလေးရယ်၊ ကြည်ပြာမျက်လုံးတွေက သိပ်ရိုးသားတာပါပဲ၊ ရင်ထဲမှာ ဘာတွေ ရှိတယ်လို့ အမြဲ ဖော်ပြနေခဲ့တယ်လေ”
“ဒါပေမဲ့ အစ်ကိုက အဲဒါကို အစက မသိချင်ယောင်ဆောင်ခဲ့တယ်နော်၊ သက်သက်နဲ့ အဆင်မပြေတော့မှ အဲဒီ ရိုးသားတဲ့ မျက်လုံးလေးတွေကို သတိရတာ မဟုတ်လား”
“သက်သက်အကြောင်း မေ့လိုက်ပါတော့ကွယ်”
“မဟုတ်ဘူး အစ်ကို၊ ကြည်ပြာက မနာလိုလို့ စကားနာထိုးနေတာ မဟုတ်ပါဘူး၊ အစ်ကို့အပေါ် ကြည်ပြာ မြင်တဲ့အတိုင်း ပြောပြနေတာပါ၊ ကြည်ပြာအနေနဲ့ကတော့ အစ်ကို့ကို ချစ်တဲ့အချစ်က ဘယ်တော့မှ ပျက်သွားမှာ မဟုတ်ပါဘူး၊ သက်သက်နဲ့ဖြစ်ဖြစ်၊ အခြားတစ်ယောက်နဲ့ဖြစ်ဖြစ် အစ်ကို လက်ထပ်သွားတဲ့တိုင်အောင် ကြည်ပြာကတော့ ချစ်နေမိမှာပါပဲ၊ အစ်ကို့ကို ကြည်ပြာ အသက်နဲ့ထပ်တူ ချစ်ခဲ့ပါတယ် အစ်ကိုရယ်”
ကိုမြတ်စိုးက ချစ်စကား မဆိုသည့်တိုင်အောင် ကြည်ပြာက သူ ချစ်မိသည့်အကြောင်းကို အရင်းအတိုင်း ဖွင့်အံနေမိသည်။ ကိုမြတ်စိုးသည် ကြည်ပြာ၏ စကားများ မည်သို့ အဆုံးသတ်မည်ကို စိတ်စောနေ၏။
“အဲဒီအချစ်ကို ကြည်ပြာရင်ထဲမှာ အမြဲတမ်း သိမ်းထားရမယ် ဆိုတာလည်း အစောကြီးကတည်းက နားလည်သဘောပေါက်ပြီးသားပါ အစ်ကို၊ အစ်ကိုက ကြည်ပြာ့ကို ဒီလို စကားမျိုး ပြောလာလိမ့်မယ်လို့ မထင်မိပေမဲ့ ကြည်ပြာ တစ်ယောက်တည်း ဆုံးဖြတ်ပြီးသားပါ”
“အစ်ကို နားမလည်တော့ဘူး ကြည်ပြာရယ်၊ ကြည်ပြာက အစ်ကို့ကို ချစ်တယ်ဆိုရင် အစ်ကို ပြောတာကိုလည်း လက်ခံနိုင်မယ်လို့ အစ်ကို ထင်တာပဲ”
“ချစ်တာက တခြား လက်ထပ်တာက တခြား ဖြစ်သွားပြီ အစ်ကို၊ ကြည်ပြာ အစ်ကို့ကို ဘယ်လောက် ချစ်သလဲဆိုရင် ကြည်ပြာ ချစ်သလောက် အစ်ကိုက ဘယ်တော့မှ ကြည်ပြာ့ကို ပြန်မချစ်နိုင်ပါဘူး၊ ဒါကို အစ်ကို မငြင်းပါနဲ့၊ တကယ်တော့ အစ်ကိုက ကြည်ပြာ့ကို သနားတာပါ၊ အစ်ကို့ပတ်ဝန်းကျင်ကို အရွဲ့တိုက်ပြီး ကြည်ပြာ့ကို လက်ထပ်ပြချင်တာပါ၊ နေဦး အစ်ကို . . . ကြည်ပြာ ဆက်ပြောဦးမယ်၊ အစ်ကိုက ဒီလို သဘောထားတယ်ဆိုတာကိုပဲ ကြည်ပြာ တစ်သက်လုံး ဖြေနိုင်ပါပြီ အစ်ကို၊ ဒါမှမဟုတ် ကြည်ပြာ့ကို ချစ်လွန်းလို့ လက်ထပ်ပါရစေ ဆိုလာဦး ကြည်ပြာ လက်မခံနိုင်ပါဘူး”
( အခန်း(၁၂) မှ )
🏘️Wisdom House စာအုပ်တိုက်
အခန်း (၀၀၂) မြေညီထပ်၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြိုနယ်၊ ရန်ကုန်မြို့ ။
စာအုပ်မှာယူလိုပါက
Page : Messanger ဒါမှမဟုတ်…
☎️ : 𝟘𝟡𝟚𝟝𝟜𝟙𝟜𝟠𝟝𝟞𝟠
𝟘𝟡𝟡𝟝𝟝𝟘𝟝𝟠𝟝𝟛𝟛
𝟘𝟡𝟞𝟠𝟠𝟞𝟠𝟠𝟟𝟚𝟚
𝙑𝙞𝙗𝙚𝙧 နဲ့ 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 နံပါတ် 0̲9̲2̲5̲4̲1̲4̲8̲5̲6̲8̲ ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။
အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပိုဆောင်ပေးပါတယ်။ အချိုနယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပိုဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် 𝙥𝙖𝙜𝙚 𝙢𝙚𝙨𝙨𝙚𝙣𝙜𝙚𝙧 (cb) ကပဲ မှာယူပေးဖို မေတ္တာရပ်ခံပါတယ်။
Official Website- https://www.facebook.com/wisdomhousepublishing
Official TikTok Account – https://www.tiktok.com/@wisdomhouse.publishing?is_from_webapp=1&sender_device=pc