ကလေးအထူးကုဆရာဝန် အဖြစ် စာရေးသူ၏ နှစ်ပေါင်းသုံးဆယ်ကျော် အတွေ့အကြုံများပေါ် အခြေခံ၍ ကလေးငယ်များ ကျန်းမာရေးနှင့် သန်စွမ်းရေးတို့ အတွက် အောက်ပါအတိုင်း ကဏ္ဍအသီးသီး ခွဲခြား ပြုစု တင်ပြထားပါသည်-
– ရင်သွေး ကျန်းမာရေး သိသင့် သိထိုက်သော အခြေခံအချက်များ၊
– အာဟာရကျွေးခြင်း၊
– အဖျားနှင့် နေမကောင်ခြင်း၊
– အရွယ်ရောက်ခြင်းကိစ္စ၊
– သဘာဝဓာတ် ဖောက်ပြန်မှုများ၊
– အထူးပြုစု စောင့်ရှောက်ရမည့် ကလေးများ။

ကိုယ်ပူမှာကြောက်၍ ကာကွယ်ဆေး မထိုးဘဲ နေခဲ့လျှင် ၎င်းကူးစက် ရောဂါများ တကယ်ဖြစ်လာသော အခါ ဒုက္ခရောက်ရပါလိမ့်မည်။ အသက်အန္တရာယ် ဘေးမတွေ့ခဲ့သည့်တိုင် ၎င်းကူးစက်ရာဂါတို့၏ ဆိုးကျိုးတို့ကို ဧကန်မလွဲ ခံစားရမှာ မုချပင် ဖြစ်တော့သည်။ ဝက်သက်ကြောင့် အာဟာရ ချို့တဲ့ခြင်း၊ မျက်စိကွယ်ခြင်းများ ဖြစ်ကျန်ရစ်နိုင်ခဲ့သလို ပိုလီယို အကြောသေရောဂါကြောင့် အကြောသေပြီး တစ်သက်ပတ်လုံး လူဖြစ်ရှုံးစရာ ဖြစ်ရပ်များနှင့်လည်း ကျန်ရစ်နိုင်ပါသည်။
( ကလေးနှင့် ကျန်းမာသန်စွမ်းရေး မှ )

မှက္ခရုရောဂါသည် မွေးဖွားစဉ်က မိခင်၏ မွေးလမ်းကြောင်းမှတစ်ဆင့် သော်လည်းကောင်း၊ ကလေးအား ကိုင်တွယ်သော လက်များမှ တစ်ဆင့်သော်လည်းကောင်း ရတတ်ပေသည်။ ၎င်းမှက္ခရုများ ဖြစ်လာလျှင် ကလေး နို့စို့လျော့သွားတတ်သဖြင့် သတိထားရပေမည်။ အတင်းပွတ်ထုတ်လျှင် ၎င်းရောဂါ ပို၍ရှည်ကြာတတ်သဖြင့် အသာပွတ်လျက် သက်ဆိုင်ရာဆေးများ သုတ်လိမ်းပေးရပါမည်။ ပါးစပ်တွင်း ၌သာ ဖြစ်ခဲ့လျှင် မထောင်းသာသော်လည်း အူတွင်းသို့ မျိုချမိလျှင် ဝမ်းလျှောရောဂါ ဖြစ်သည်အထိပင် ဆိုးသွားနိုင်ပါသည်။
( မွေးကင်းစ ကလေးများ၏ ပြဿနာများ မှ )

မိခင်နို့ရည်သည် ကလေးစို့သည့် အကြိမ်ရေ များလေလေ ထွက်လေလေ ဖြစ်သည်။ နို့တိုက်မိခင်သည် နို့ပိုထွက်စေရန် အာဟာရ ဖြစ်စေနိုင်သည့် အစားအစာများကို များများ စားရသောက်ရမှာ ဖြစ်ပြီး အချိန်အတော်များများပေး၍ အိပ်စက် အနားယူရပါမည်။ များများ မနားနိုင်သည့်တိုင် အနည်းဆုံး နာရီဝက်ခန့် ကုလားထိုင်၌ပင် ထိုင်၍ နားပြီးမှ နို့တိုက်သင့်ပေသည်။
( မိခင်နို့ရည် မှ )

စကားပြော နောက်ကျလျှင် လျှာတိုနေ၍၊ လျှာတွဲနေ၍ စသည်ဖြင့် လျှာအပေါ်၌ အပြစ်ပုံချသည့် ဓလေ့အယူအဆသည်လည်း လွဲမှားနေသော ဓလေ့တစ်ခုပင် ဖြစ်ပါသည်။ လျှာတို၊ လျှာတွဲရုံနှင့် စကား ပြော နောက်မကျနိုင်ပါ။ ဦးနှောက်ဉာဏ်ရည် မကောင်းလျှင်သာ နောက်ကျနိုင်သလို ရံဖန်ရံခါတွင် မျိုးရိုးလိုက်၍လည်း နောက်ကျ တတ်ပေသည်။ ကလေး၏ နားအကြားအာရုံ ပီပီပြင်ပြင် မဟုတ် လျှင်လည်း စကားပြော နောက်ကျတတ်ပေသည်။
( ကြုံတွေ့ရတတ်သော အယူအဆ လွဲမှားမှုများ မှ )

ဖြည့်စွက်အစာ ကျွေး၍ ဝမ်းသွားသည်ဟု ထင်ကြသော မိဘများ သိထားရန်မှာ ဖြည့်စွက် အစာကို စီစဉ်ရာတွင် သန့်ရှင်းရေးကို ဂရုမပြု မိသောကြောင့် ဖြစ်နိုင်ပေသည်။ ကျွေးရန်ထည့်သည့် ခွက်နှင့် ဇွန်းတို့ မသန့်ရှင်းလျှင်လည်းကောင်း၊ ဇွန်းအသုံးမပြုဘဲ လက်နှင့် ကျွေးသည့် မိခင်ဆိုလျှင် လက်မသန့်ရှင်း၍လည်းကောင်း ကလေးတွင် ဝမ်းလျှောဝမ်းပျက် ဖြစ်နိုင်ပေသည်။
( ဖြည့်စွက်အစာ မှ )

အရွယ်ရောက်ချိန်တွင် မိမိစိတ်ကို မထိန်းနိုင်ဘဲ လက်တည့်စမ်းချင်သော အရွယ်များလည်းဖြစ်၊ ခန္ဓာကိုယ်မှလည်း ကြီးကောင်ဝင်သည့် လိင်ကြီးထွား ပြောင်းလဲမှုများလည်း ရှိလာပြီဖြစ်သဖြင့် မမှား သင့်သည့် ကိစ္စများ မမှားမိစေရန် အထူးအရေးကြီးလှပေသည်။ ထို့ကြောင့် လိင်ကိစ္စနှင့် ကိုယ်ဝန်ဆောင်ခြင်း ကိစ္စများအကြောင်းကို နားလည်၍ သိသင့်သလောက် သိထားစေနိုင်လျှင် ပို၍ကောင်းသည်ဟု တိုက်တွန်းချင်ပါသည်။
( အရွယ်ရောက်ခြင်း မှ )

🏘️Wisdom_House_စာအုပ်တိုက်
အခန်း (၁၀၁)၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်။

Page : messanger ဒါမှမဟုတ်…
☎️ : 09254148568
09955058533
09688688722
Viber နဲ့ Telegram နံပါတ် +959254148568 ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။

အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပို့ဆောင်ပေးပါတယ်။ အချို့နယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပို့ဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် page messenger (cb) ကပဲ မှာယူပေးဖို့ မေတ္တာရပ်ခံပါတယ်။

Official Facebook page – https://www.facebook.com/wisdomhousepublishing

Official TikTok Account – https://www.tiktok.com/@wisdomhouse.myanmar

Leave a Reply

Your email address will not be published. Required fields are marked *