Month: May 2025

ကုန်အမှတ်တံဆိပ် – ဦးမေဒင်၊ ဦးသန်းမောင်(စစ်တွေ)၊ ဦးမောင်မောင်(မော်ကျွန်း)

ဤစာအုပ်မှာ ကျေးဇူးကြီးမားလှသော ဆရာဦးမေဒင်အတွက် အမှတ်တရအနေဖြင့် ကျွန်တော် တုံပြန် ကျေးဇူးဆပ်လိုရာမှ ထွက်ပေါ်လာသော အသီးအပွင့် ဖြစ်ပါသည်။ ဤစာအုပ်ဖြင့် စီးပွားရေးလောကအတွက်သာမက ဥပဒေပညာရှင်များ၊ ကျောင်းသားကျောင်းသူများအတွက်ပါ တစ်စုံတစ်ရာ အတိုင်းအတာ အထိ အကျိုးရှိနိုင်တော့မည် ဖြစ်ရာ ပညာကို…

ပထမအကြိမ်၊ သတ္တမအကြိမ်၊ အဌမအကြိမ် ထေရဝါဒ ဓမ္မပြိုင်ပွဲဆုရ စာအုပ်များ

ပထမအကြိမ်ဆုရ ထေရဝါဒ ဓမ္မစာမူပြိုင်ပွဲဆုရ “ငွေလမင်း၏အလင်းကမ္ဘာ” သမထဖြင့်လည်း ငြိမ်းမှုသဘောကို ခံစားနိုင်ပေသည်။ သို့သော် ထိုငြိမ်းမှုသည် နိဗ္ဗာန် မဟုတ်သေး။ သမထဖြင့် နိဗ္ဗာန် မရောက်နိုင်။ ဝိပဿနာ ရှုမှသာ နိဗ္ဗာန်ရောက်နိုင်၏။ နိဗ္ဗာန်အစစ် ဆိုလျှင် သစ္စာ…

လွယ်ကူလေ့လာရာဇသတ်ကြီးဋီကာ – ဦးအယ်လင်စိန်မောင်

ပြည်သူများ သိသင့်သိထိုက်သော ပြစ်မှုဆိုင်ရာ ဥပဒေများအနက်မှ အဓိကကျသည့် ရာဇသတ်ကြီးပါ အရေးပါသော ပြဋ္ဌာန်းချက်များကို ကောက်နုတ်ချက်၊ ဥပမာရှင်းလင်းချက်၊ စီရင်ထုံးများနှင့်တကွ ဖော်ပြပေးထားသော စာအုပ်ဖြစ်သည်။ တန်ဖိုး { ၆၀၀၀ ကျပ် } 🏘️Wisdom House…

ဥပဒေဆေးပညာ – ဦးစန်းမောင် (B.A, H.G.P, R.L) Senior Jurist ဝါရင့်ဥပဒေပညာရှင်

မှုခင်းနှင့် ဥပဒေဆိုင်ရာပုဂ္ဂိုလ်များ ဖြစ်ကြသော ရှေ့နေ၊ တရားသူကြီး၊ အမှုလိုက်၊ ဆရာဝန်၊ ရဲတပ်ဖွဲ့ဝင်များအတွက်သာမက ဥပဒေ ဆေးပညာကို စိတ်၀င်စားသော စာဖတ် ပရိသတ်အားလုံးအတွက် မှုခင်း ဆေးပညာစာအုပ်များတွင် အပြည့်စုံဆုံး စာအုပ်ဟု ဆိုနိုင်သော အောက်ပါ စာအုပ်ကို…

ဆရာ ဒေါက်တာမောင်မောင်သိမ်း ရဲ့ စာအုပ်များကို စုစည်းဖော်ပြထားပါတယ်။

အောင်မြင်သူဖြစ်လာနည်း လက်တွေ့အောင်မြင်ရေးနည်းလမ်းများနှင့် ကံကောင်းအောင်လုပ်နည်း ဤစာအုပ်မှာ ကြီးပွားရေးတက္ကသိုလ်၊ စာသင်တက္ကသိုလ်နှင့် ဘ၀တက္ကသိုလ်များမှ သွန်သင်ပေးချက်များ၊ လေ့လာမှုများ၊ လက်တွေ့အသုံးချကြည့်မှုများ၏ ရလဒ်ဖြစ်ပါသည်။ နှစ်ပေါင်း ၃၀ကျော် ၄၀နီးပါးလေ့လာမှု၊ လက်တွေ့ကျင့်သုံးမှု၏ရလဒ်လည်း ဖြစ်ပါသည်။( အမှာမဟုတ်သော အမှာ မှ )…

မီဒီယာသမားများသိသင့်သည့်ဥပဒေ – မြတ်မျိုးလတ်

ပြည်သူများ၏သတင်းရပိုင်ခွင့်အတွက် မီဒီယာသမားများတွင် လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းရေးသား ဖြန့်ချိခွင့်တို ရရှိရမည်ဖြစ်သည်။ သို့မှသာ မီဒီယာသည် အခြား မဏ္ဍိုင်ကြီးများ ဖြစ်ကြသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်များ၏ဆောင်ရွက်ချက်များကို စတုတ္ထမဏ္ဍိုင်အ‌နေဖြင့် ကောင်းစွာ ထိန်းကျောင်းနိုင်မည်…

မှတ်ဉာဏ်ထက်သန်စေလိုသော် – ဦးသာညွန့်

ထူးခြားတဲ့မှတ်ဉာဏ်ပိုင်ရှင် ဖြစ်ချင်တယ်ဆိုရင် ဒီစာအုပ်က မိတ်ဆွေအတွက်ပါလို့ ညွှန်းချင်ပါတယ်။ မိဘတွေအနေနှင့်လဲ ကိုယ့်သားသမီးတွေကိုဉာဏ်ရည်ထက်မြက်ပြီး အတန်းထဲမှာ လက်မထောင်နိုင်တဲ့ ကလေးတစ်ယောက်အဖြစ် ပြုစုပျိုးထောင်ပေးချင်တယ်ဆိုရင် ဒီစာအုပ်လေးဆောင်ထားဖို့ အကြံပေးပါရစေဗျာ။ စမ်းတဝါးဝါး တွေးခေါ် ဖတ်ရှုရမည့် စာအုပ် မဟုတ်ပေ။ ရေရေလည်လည် ဖတ်ပြီး…

လူသစ်စိတ်သစ် ကြံတိုင်းဖြစ် – သက်လုံ

ကျွန်တော့်ဆွေးနွေးချက်တွေဟာ စိတ်အညွှန့်တုံး နေတဲ့လူငယ်တွေ| အောင်မြင်မှုလမ်းကြောင်းပေါ်ကို တက်လိုလျှက်နဲ့ မရောက်နိုင်သူတွေ| စိတ်သဘောသဘာဝတွေကို သိပြီး စိတ် လူလားမြောက်ချင်သူတွေ အတွက်အလိုပြည့်ရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။(အောင်မြင်ခြင်းစစ်စစ် မှ) လောကမှာ အကျဉ်းအကျပ် မှန်သရွေ့ တစ်ချိန် ချိန်မှာ ထွက်ပေါက်တော့…

သော့ချက်၃၈ချောင်း – သက်လုံ

မြတ်စွာဘုရား၏ “ပါ၀စနံ” မြတ်သည် အဘက်ဘက်သို့ လက်ဖြာထွက်နေလေရာ “မင်္ဂလသုတ်” တွင်လည်း အဓိကဖြစ်သော နိဗ္ဗာန်ရောက်ကြောင်းအပြင် မြုပ်ကွယ်နေသော အခြားလောကီ အကျိုးကျေးဇူးကလေးများ ရရာရကြောင်းလည်း ပါ၀င်နေပေသည်။ သွေးထားအပ်သော စိန်ကောင်းသဖွယ် မှန်ကူကွက်ပေါင်းများစွာ ရှိရကား နှစ်သက်ရာ မှန်ကူကွက်ကို…

ဘဝအောင်မြင်ရေးကျန်းမာပျော်ရွှင်မှုနှင့်စိတ်စွမ်းအင် – သက်လုံ

ဘဝတွင် ကျန်းမာ ပျော်ရွှင် အောင်မြင်မှုရမှသာ လူဖြစ်ရကျိုးနပ်မည်ဖြစ်ရာ ယခုစာအုပ်တွင် ထိုနည်းလမ်းများကို အပိုင်း ၃ ပိုင်းခွဲကာ ရှင်းလင်းထားသည်။ ပါဝင်သော အပိုင်းများမှာ ဘဝအောင်မြင်ရေး နည်းလမ်းပေးမည်၊ ဂျပန်လူမျိုးတို့၏ ဆုံးမသြဝါဒများ၊ စိတ်အဆင့်ဆင့်စခန်း လမ်းအသွယ်သွယ်တို့ ဖြစ်ကြသည်။…