၁၆-၆-၂၀၂၅ နေ့မှာ ကွယ်လွန်သွားတဲ့ ဆရာကြည်မင်းရဲ့ ကိုယ်ရေးအကျဉ်းကို ကျွန်တော်တို့ Wisdom House စာအုပ်တိုက်ထုတ် ‘ဖြတ်သန်းခဲ့ရ သတင်းမီဒီယာလောက’စာအုပ်ကနေ ကိုးကား ဖော်ပြအပ်ပါတယ်။ ဆရာကြည်မင်း ကောင်းမြတ်ရာဘုံဘဝ ရောက်ပါစေကြောင်း Wisdom House စာအုပ်တိုက်အဖွဲ့က မေတ္တာပို့သပါတယ်။

၁၆-၆-၂၀၁၆ နေ့မှာ ကွယ်လွန်သွားတဲ့ ဆရာကြည်မင်းရဲ့ ကိုယ်ရေးအကျဉ်းကို ကျွန်တော်တို့ Wisdom House စာအုပ်တိုက်ထုတ် ‘ဖြတ်သန်းခဲ့ရ သတင်းမီဒီယာလောက’စာအုပ်ကနေ ကိုးကား ဖော်ပြအပ်ပါတယ်။ ဆရာကြည်မင်း ကောင်းမြတ်ရာဘုံဘဝ ရောက်ပါစေကြောင်း Wisdom House စာအုပ်တိုက်အဖွဲ့က မေတ္တာပို့သပါတယ်။

ကြည်မင်း အမည်ရင်း ဦးမောင်မောင်စံ ဖြစ်သည်။ ၁၉၄၆ ခုနှစ်တွင် ပုသိမ်မြို့၌ မွေးဖွားသည်။ အသက် ၁၅ နှစ်အရွယ်တွင် ကဗျာဖြင့် စာပေနယ်သို့ ဝင်ခဲ့သည်။အသက် ၂ဝ တွင် ‘ကြည်မင်း’ ကလောင်အမည်ကို အတည်တကျ ယူသည်။ မိခင် ဒေါ်ငွေကြည်နှင့် ဖခင် ဦးကျင်မင်းတို့၏ နာမည်များကို ပေါင်းစည်းထာခြင်း ဖြစ်သည်။

                         ကြည်မင်း ကလောင်အမည်ဖြင့် ပထမဆုံး ရေးသောစာမှာ ၁၉၆၈ မိုးရာသီထုတ် အိုးဝေဂျာနယ်မှ သရော်စာများ ဖြစ်သည်။ ကြည်မင်း၏ ပထမဆုံး ဝတ္ထုတိုမှာ ၁၉၆၉ စန္ဒာမဂ္ဂဇင်း အမှတ် (၁) တွင် ကလောင်သစ် ဝတ္ထုတိုအဖြစ် ဖော်ပြခြင်း ခံရသော ‘မြမေ ငိုနေသည်’ ဝတ္ထု ဖြစ်သည်။ ထိုမှစ၍ မဂ္ဂဇင်းများ၊ ဂျာနယ်များတွင် ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ သရော်စာ၊ ပြဇာတ် စသည်များ ရေးလာခဲ့သည်။ ဝေဖန်ရေး ဆောင်းပါးများ ရေးရန်အတွက် ‘ကျော်စောမင်း” အမည်ကို ယူပြီး ၁၉၉၀ မှစ၍ ဟန်သစ်မဂ္ဂဇင်းတွင် ‘ဖတ်ကြည့်’ကဏ္ဍကို တာဝန်ယူခဲ့သည်။ စာပေဂျာနယ်၊ မဟေသီ၊ ရင်ခုန်သံ၊ ရုပ်ရှင်အမြုတေ၊ ရတီ၊ ရုပ်ရှင်တေးကဗျာ စသော မဂ္ဂဇင်းတို့တွင်လည်း ဝေဖန်ရေးစာပေများ ရေးသားခဲ့သည်။ ချင်းတွင်းမဂ္ဂဇင်းတွင် “မြင်သောသူသည် မြင်၏” အမည်ရှိကဏ္ဍကို တာဝန်ယူ ရေးခဲ့သည်။

                     ကွယ်လွန်သူ အထောက်တော်လှအောင်နှင့်အတူ သတင်းဂျာနယ်ကို ၁၉၆၉ တွင် တည်ထောင်ခဲ့သည်။ 

                     ယနေ့ထိ ကဗျာ ၅ဝ ခန့်၊ ဝတ္ထုတိုဝတ္ထုရှည် ၇ဝ ခန့်၊ ဆောင်းပါး ၉ဝဝ ခန့်၊ လုံးချင်းစာအုပ် ၅၀ ခန့် ပုံနှိပ်ပြီး ဖြစ်သည်။ ပထမဆုံး လုံးချင်းမှာ တူဒေးစာပေတိုက်ထုတ် ‘မျဉ်းပြိုင်မျိုးဆက်’ ဖြစ်သည်။ လုံးချင်းစာအုပ်များအနက် ‘လုပ်ချင်တာ လုပ်နိုင်ဖို့ လုပ်သင့်တာလည်း လုပ်နိုင်ဖို့’သည် ကိုယ်တွေ့ဖြစ်ရပ်များဖြင့် တင်ပြထားသော လူငယ် ကြီးပွားရေးအားဖြည့်လမ်းညွှန်စာပေ ဖြစ်သည်။ “ဗေဒါတောမှ ဆည်းဆာ’သည် ဝတ္ထုတိုပေါင်းချုပ် ဖြစ်သည်။ “စာဖတ်သူတစ်ဦး၏ ဒိုင်ယာရီ’သည် ဝေဖန်ရေးဆောင်းပါးများ ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့်လည်း ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ပညာရပ်ဆိုင်ရာ ဆောင်းပါးများ ရေးခဲ့သည်။

                         စာရေးဆရာ ကြည်မင်း ခေါ် ကျော်စောမင်း ခေါ် ဒေါက်တာမောင်မောင်စံ၏ အသက်မွေးဝမ်းကျောင်းပညာမှာ တိရစ္ဆာန်ဆေးကုဆရာဝန် ဖြစ်ပြီးမွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် ပါမောက္ခချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ အငြိမ်းစားယူပြီးနောက် ရန်ကုန်မြို့တွင် အခြေချ နေထိုင်ရင်း မဂ္ဂဇင်းများ၊ ဂျာနယ်များတွင်စာပေ ရေးသားခဲ့သည်။ ‘မင်း’ ပညာဒါနသင်တန်းကို တည်ထောင်၍ အင်္ဂလိပ်စာအရေးအသား၊ ဘာသာပြန်၊ သုတေသနဒီဇိုင်းနှင့် ဘွဲ့လွန်ကျမ်း ရေးသားနည်းများ သင်ကြားပေးခဲ့သည်။

                         မြန်မာနိုင်ငံ စိုက်ပျိုး၊ သစ်တောနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းပညာရှင်များအဖွဲ့ Academy of Science ၏ အဖွဲ့ဝင် ပညာရှင်တစ်ဦးလည်း ဖြစ်သည်။ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီ၏ ကောင်စီဝင် ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်း၏ အမှုဆောင်အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်းဂျာနယ် (သုတေသနဂျာနယ်၊ အင်္ဂလိပ်ဘာသာ) ၏ အယ်ဒီတာအဖြစ် တာဝန်ယူခဲ့ဖူးပြီး ယဉ်ကျေးမှုဝန်ကြီးဌာန၏ မြန်မာနိုင်ငံ ပြက္ခဒိန် အကြံပေးအဖွဲ့တွင် သုတေသနအဖွဲ့ဝင် ဖြစ်ခဲ့ဖူးသည်။ 

                        မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ်

တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်တစ်ဦး ဖြစ်ခဲ့သည်။

                    ၁၆-၆-၂၀၂၅ နေ့ ည ၁၁ နာရီ ၁၅ မိနစ်တွင် ဂရင်းဟံသာဆေးရုံ၌ လူကြီးရောဂါဖြင့် ကွယ်လွန်သည်။

Leave a Reply

Your email address will not be published. Required fields are marked *