မိမိတို့ သက်မွေးဝမ်းကျောင်းလုပ်ငန်းသည် ဂုဏ်ယူဖွယ်ရာ သမိုင်းကြောင်းရှိခဲ့သည်ကို သိရှိလိုသူတိုင်းအတွက်….
ဤစာအုပ်တွင် မြန်မာနိုင်ငံ ဝတ်လုံတော်ရကြီးများနှင့် ရှေ့နေကြီးများ မော်ကွန်းကို မြန်မာဘုရင်များခေတ်ကာလ၊ အင်္ဂလိပ် ကိုလိုနီခေတ်ဦးပိုင်းကာလ၊ ရန်ကုန် High Court တရားလွှတ်တော် စတင်ပေါ်ပေါက်ခဲ့သည့်ကာလ၊ မြန်မာနိုင်ငံ လွတ်လပ်ရေးကာလ ဟူ၍ ကာလအလိုက် ပိုင်းခြားပြီး စာရေးသူ လက်လှမ်းမီသမျှ မှတ်တမ်းမှတ်ရာတို့ဖြင့် ပေါင်းစပ်ပြုစု တင်ပြထားပါသည်။ စာရေးသူက ရှေးခေတ်ဝတ်လုံတော်ရကြီးများ၊ ရှေ့နေကြီးများနှင့် စပ်လျဉ်း၍ နှောင်းလူတို့ သိသင့် သိထိုက်သည်များကို ရှေးမြန်မာဘုရင်လက်ထက်မှ စကာ ၁၉၇၃ အထိကို ကျမ်းကိုးကျမ်းကား အထောက်အထားများဖြင့် ပြုစုတင်ပြထားသည်။ ခေတ်အလိုက် တင်ပြရင်းမှ ထူးခြားသော မှတ်တမ်းတင်ဖွယ်ရာများကို အထွေထွေအခန်းတွင် သီးခြား ဖော်ထုတ်ပေးထားသည်။ ဤစာအုပ်ကို ဖတ်ရှုရင်း ကျွန်တော်တို့ ရှေ့နေလောကအတွက် ဂုဏ်ယူဖွယ်ရာ မှတ်တမ်းစာအုပ်တစ်အုပ်ကို ပြုစုပေးခဲ့သော ဆရာဦးထိန်ဝင်း၏ လုံ့လဝီရိယကို လေးစားတန်ဖိုးထားမိပါ၏။ ရှေ့နေရှေ့ရပ်များနှင့် တရားစီရင်ရေးသမိုင်း အတွက် တန်ဖိုးမဖြတ်နိုင်သော မှတ်တမ်း ဖြစ်မြောက်သွားခဲ့သည်ကိုလည်း အားရ ကျေနပ်မိပါ၏။ (ဆရာကြီးဦးမြသိန်း၏ ဂုဏ်ပြုအမှာစာ မှ)
မျက်မှောက်ခေတ် တရားစီရင်ရေးကဏ္ဍတွင် ပါဝင်သူ အားလုံးသည် ခေတ်ဦးပိုင်းကာလကတည်းက လမ်းဖောက်ပေးခဲ့ကြသည့် ပုဂ္ဂိုလ်ကြီးတို့၏ အားထုတ်မှုများကို ဖော်ထုတ် ဂုဏ်ပြုရင်း ဂုဏ်သိက္ခာ ပိုမိုမြင့်မားသော တရားစီရင်ရေးကို ဆက်လက်ကြိုးပမ်းရန် တာဝန်သည် မိမိတို့၏ ပခုံးပေါ်တွင် ကျရောက်နေသော သမိုင်းပေး တာဝန်ပင် ဖြစ်တော့သည်။ ဝတ်လုံတော်ရ အောင်လက်မှတ်သည် စင်စစ်အားဖြင့် ဘွဲ့လက်မှတ် မဟုတ်သကဲ့သို့ ဝတ်လုံဘွဲ့ရသူတိုင်းလည်း အရည် အချင်းရှိသူများဟု တထစ်ချ သတ်မှတ်နိုင်ခြင်းမရှိသည့်တိုင်အောင် ကိုလိုနီ ခေတ်မှစ၍ လွတ်လပ်ရေး ရရှိသည့် နောက်ပိုင်းကာလများအထိ မြန်မာနိုင်ငံ၏တရားစီရင်ရေးစနစ်ကို အခြားနိုင်ငံများနှင့် ယှဉ်နိုင်စေရန် ရှေ့တန်းမှ ဆောင်ရွက်ပေးခဲ့ကြသည့် ပုဂ္ဂိုလ်အားလုံးသည် ဝတ်လုံဘွဲ့ ရခဲ့ကြသူများသာ ဖြစ်သည်။ ယနေ့အထိလည်း ထိပ်တန်း၌ အသိအမှတ်ပြုခံနေရဆဲ ဖြစ်သည်။ (စာရေးသူ၏အမှာစာ မှ)
ရန်ကုန်မြို့ တရုတ်တန်း၌ နာမည်ကျော် ဝတ်လုံတော်ရရှေ့နေ ကြီးတချို့ ရှိခဲ့ရာ ဒုတိယကမ္ဘာစစ်ပြီးစ ရန်ကုန်မြို့ ပြဇာတ်လောကက နာမည်ကြီး အနုပညာသမားတချို့နှင့် တရုတ်တန်းလူမိုက်တို့သည် ပျော်ပွဲစားရုံ၌ ခိုက်ရန် ဖြစ်ပွားခဲ့သည်။ လူမိုက်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းအတွက် ငွေကြေးသြဇာရှိသော တရုတ်တန်းရှေ့နေကြီးတစ်ဦး၏ ဝင်ရောက်ဖျန်ဖြေမှုကြောင့် အနုပညာသမားတို့ ဘေးရန်ကင်းကြောင်း မှတ်တမ်းများ ရှိခဲ့သည်။ (ရန်ကုန် High Court တရားလွှတ်တော် စတင်ပေါ်ပေါက်ခဲ့သည့်ကာလ မှ)
တန်ဖိုး – { ကျပ် ၇၀၀၀ }
🏘️Wisdom House စာအုပ်တိုက်
အခန်း (၀၀၂) မြေညီထပ်၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြိုနယ်၊ ရန်ကုန်မြို့ ။
စာအုပ်မှာယူလိုပါက
Page : Messanger ဒါမှမဟုတ်…
☎️ : 𝟘𝟡𝟚𝟝𝟜𝟙𝟜𝟠𝟝𝟞𝟠
𝟘𝟡𝟡𝟝𝟝𝟘𝟝𝟠𝟝𝟛𝟛
𝟘𝟡𝟞𝟠𝟠𝟞𝟠𝟠𝟟𝟚𝟚
𝙑𝙞𝙗𝙚𝙧 နဲ့ 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 နံပါတ် 0̲9̲2̲5̲4̲1̲4̲8̲5̲6̲8̲ ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။
အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပိုဆောင်ပေးပါတယ်။ အချိုနယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပိုဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် 𝙥𝙖𝙜𝙚 𝙢𝙚𝙨𝙨𝙚𝙣𝙜𝙚𝙧 (cb) ကပဲ မှာယူပေးဖို မေတ္တာရပ်ခံပါတယ်။
Official Website- https://www.facebook.com/wisdomhousepublishing
Official TikTok Account – https://www.tiktok.com/@wisdomhouse.publishing?is_from_webapp=1&sender_device=pc