ဆရာစံ ကြိုးစင်ပေါ်တက်တော့ အကျဉ်းသားနှစ်ယောက်က ထုံးစံရှိတဲ့အတိုင်း တွဲခေါ်လာတာကို ဆရာစံက ဘေးကိုဖယ်ထုတ်လိုက်တယ်။ ပြီးတော့ ရဲရဲတောက် မိန့်ခွန်းတစ်ပိုဒ်ကို ရာဇဝင်တွင်အောင် ဘယ်လိုပြောသွားသလဲ ဆိုတော့ “အမျိုးဘာသာ၊ သာသနာ၊ ပညာ ကြီးပွားရာ ကြီးပွားကြောင်းကို ဆောင်ရွက်လို့ အခုလို ဖြစ်ရတာပါ၊ ဒါပေမဲ့ သုခလို့ မှတ်ပါတယ်” ဆိုပြီး ကြိုးစင်ဘေးကနေပြီး ကြည့်နေသူတွေကို “သွားမယ်”လို့ နှုတ်ဆက်ပြီး “ဖြစ်လေရာ ဘဝဘဝမှာ အင်္ဂလိပ်တွေကိုနိုင်ရတဲ့ကိုယ်ဖြစ်ပါစေ” လို့ ဆုတောင်းလိုက်တယ်။
(လယ်သမားခေါင်းဆောင်ကြီး ဆရာစံ မှ)စိတ်မြန်လက်မြန်ရှိသည့် မစောခင်သည် သူကြီးဦးဖီး ထိုင်နေရာသို့ အပြေးသွားပြီး “နင်လားဟဲ့ … တို့ဆရာတော်ကို စော်ကားတာ”ဟု ပြောကာ မြေပြင်ပေါ်သို့ သူကြီးဦးဖီး ကိုယ်လုံးကြီး ကျလာအောင် ခုန်၍ခုန်၍ ဆွဲချသည်။ မယုခင်ကပါ ဝိုင်းကူ၍ အတင်းဆွဲချ လိုက်သည်။ မစောရင်က စီးလာသော ခုံဖိနပ်ကို ချွတ်ကာ “တို့ဆရာတော်ကို ပြောဦးဟဲ့ .. ပြောဦးဟဲ့”ဟုရေရွတ်ရင်း မီရာကိုလှမ်း၍ တအားရိုက်တော့သည်။ ကျန်နေသောနှစ်ယောက် ကပါ ကူရိုက်ကြပြန်သည်။
(ပါးရိုက်မှုဖြင့် ထောင်ကျခဲ့ရသူ မှ)ဦးမင်းရောင်ကား စိတ်ထက်မြက်၏။ ရွပ်ရွပ်ချွံချွံ လုပ်တတ်၏။ ရက်စက်၏။ ညီဖြစ်သူ ဦးမင်းမောင်ကား စိတ်နှလုံး နူးညံ့၏။ အနုပညာကို ဝါသနာပါ၏။ စောင်းတီးတော်၏။ သီချင်း အဆို ကောင်း၏။ တစ်ခါ၌ ကြက်သားစားချင်သည်ဟု အစ်ကိုဖြစ်သူ ဦးမင်းရောင်က ညီကို ကြက်သတ်ခိုင်းသည်။ ညီက မသတ်ဖြတ်ဝံ့ဟု ငြင်းလျှင် ဦးမင်းရောင်သည် ကြက်ကို ကိုယ်တိုင်သတ်၍ချက်ပြုတ်စား၏။ ညီဖြစ်သူကိုလုံးဝမကျွေး၊ ခွေးတွေကိုကျွေးပစ်၏။
(ဗိုလ်ချုပ် ရေးခဲ့တဲ့ အဘိုးရွှေလရောင် မှ)စံဖဲ တောပုန်းဘဝသို့ မရည်ရွယ်ဘဲ ရောက်ခဲ့ရသောအခါ အသက် ၂ဝ ပင် မပြည့်တတ်သေး။ ထိုနှစ်သည် ၁၉၂၆ ခုနှစ် ဖြစ်သည်။ နုနုနယ်နယ် လှလှပပ စံဖဲကို မြင်ဖူးသူတိုင်းက စံဖဲ တောပုန်းဘဝသို့ ရောက်သွားသောအခါ ငယ်ငယ်ရွယ်ရွယ်ကလေးနဲ့ ဒီလောက် မိုက်ရ သလားဟု ရင်ထုမနာ ကရုဏာဒေါသောနှင့် ပြောသူက ပြော၊ အသက်က ငယ်ငယ်နဲ့ ဖြစ်ရ လေတယ်ဟု စုတ်သပ်သူက သပ်။ စံဖဲအဖြစ်ကလည်း တကယ်ပင် ရင်နာဖို့ကောင်းလှသည်။
(တောပုန်းကြီး စံဖဲ မှ)
🏘️Wisdom House စာအုပ်တိုက်
အခန်း (၀၀၂) မြေညီထပ်၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြိုနယ်၊ ရန်ကုန်မြို့ ။
စာအုပ်မှာယူလိုပါက
Page : Messanger ဒါမှမဟုတ်…
☎️ : 𝟘𝟡𝟚𝟝𝟜𝟙𝟜𝟠𝟝𝟞𝟠
𝟘𝟡𝟡𝟝𝟝𝟘𝟝𝟠𝟝𝟛𝟛
𝟘𝟡𝟞𝟠𝟠𝟞𝟠𝟠𝟟𝟚𝟚
𝙑𝙞𝙗𝙚𝙧 နဲ့ 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 နံပါတ် 0̲9̲2̲5̲4̲1̲4̲8̲5̲6̲8̲ ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။
အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပိုဆောင်ပေးပါတယ်။ အချိုနယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပိုဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် 𝙥𝙖𝙜𝙚 𝙢𝙚𝙨𝙨𝙚𝙣𝙜𝙚𝙧 (cb) ကပဲ မှာယူပေးဖို မေတ္တာရပ်ခံပါတယ်။
Official Website- https://www.facebook.com/wisdomhousepublishing
Official TikTok Account – https://www.tiktok.com/@wisdomhouse.publishing?is_from_webapp=1&sender_device=pc