‘အို … ကြည့်စမ်းပါဦးတော့၊ ပြည်သူတွေဟာ ငြိမ်းချမ်းမှုကို ဘယ်လောက် လိုချင်ရှာကြသလဲ၊ ဖိနှိပ်ညှဉ်းပန်းမှုကို ဘယ်လောက် ကြောက်ရွံ့ရှာကြသလဲ၊ အခုတော့ သူတို့ ပျော်နေလိုက်ကြတာ၊ သူတို့ရဲ့ ဘုရင်မဟာ သူတို့ရဲ့ ငြိမ်းချမ်းရေးရောင်ခြည်၊ တရားမျှတခြင်းကို ယူဆောင်လာမယ့်သူ၊ အဆုံးမရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ သူတို့ကို ရင်ဝယ်သားလို ညှာတာထောက်ထားမယ့်သူ ဆိုတာ သူတို့ သိကြတယ်၊ ယုံကြည်ကြတယ်၊ ကြည့်စမ်း … သူတို့ ပျော်နေလိုက်ကြတာများ’
(စာမျက်နှာ ၁၅၇ မှ)ယနေ့ကာလတွင် ကမ္ဘာနှင့်အဝန်း နိုင်ငံခေါင်းဆောင် အမျိုးသမီးများ ရှိနေပါသည်။ အမျိုးသမီးများသည် အမျိုးသားများနည်းတူ မိမိတို့ စွမ်းရည်အလိုက် အခွင့်အရေး တူမျှစွာ လုပ်ကိုင် ဆောင်ရွက်ခွင့်တွေ ရနေကြပါပြီ။ သို့သော် ရှင်စောပုတို့ ခေတ်ကာလက အမျိုးသမီးများကား ဤသို့သော အခွင့်အရေးများ မရကြသေးပါ။ အမျိုးသားများကို မှီခိုနေရသော အားနွဲ့သူများသာ ဖြစ်ခဲ့ကြပါသည်။
ရှင်စောပုသည် ထိုခေတ်ကာလမှာပင် အများဆန္ဒနှင့်အညီ တင်မြှောက်ခြင်းခံရသော ဘုရင်မ တစ်ပါး ဖြစ်လေရာ ထိုအဖြစ်သို့ ရောက်အောင် တွန်းပို့ခဲ့သည့် သမိုင်းဖြစ်ရပ်များကား စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။
(စာရေးသူ၏ အမှာစာ မှ)‘ရှင်စောပု’ သည် သမိုင်းကြောင်း နောက်ခံကားချပ်မှ တစ်ထောင့်တစ်ခန်းကို အခြေခံ၍ ဝတ္ထုအသွင် ဖန်တီးဖွဲ့သီကုံးထားခြင်း ဖြစ်သည်။ ပုံဖော်သူ၏ အရေးအသား ပြောင်မြောက် ပီပြင်မှုကြောင့် စာဖတ်သူအား ညှို့ငင် ဖမ်းယူထားသည်ကို တွေ့ရသည်။ ရှင်စောပုသည် ရိုးရိုး သက်သက် အပျင်းပြေ ဖတ်၍ရဘိသို့ သမိုင်းကြောင်း ဗဟုသုတကိုလည်း ပေးစွမ်းထားသည်။ ထိုမှ သုတေသီတို့အတွက် သမိုင်းကြောင်း အထောက်အကူလည်း ရအံ့ ထင်သည်။
နိုင်ပြည်သူ (လုပ်သားပြည်သူ့နေ့စဉ်၊ ၂၅-၁-၁၉၇၆)
🏘️Wisdom House စာအုပ်တိုက်
အခန်း (၀၀၂) မြေညီထပ်၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြိုနယ်၊ ရန်ကုန်မြို့ ။
စာအုပ်မှာယူလိုပါက
Page : Messanger ဒါမှမဟုတ်…
☎️ : 𝟘𝟡𝟚𝟝𝟜𝟙𝟜𝟠𝟝𝟞𝟠
𝟘𝟡𝟡𝟝𝟝𝟘𝟝𝟠𝟝𝟛𝟛
𝟘𝟡𝟞𝟠𝟠𝟞𝟠𝟠𝟟𝟚𝟚
𝙑𝙞𝙗𝙚𝙧 နဲ့ 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 နံပါတ် 0̲9̲2̲5̲4̲1̲4̲8̲5̲6̲8̲ ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။
အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပိုဆောင်ပေးပါတယ်။ အချိုနယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပိုဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် 𝙥𝙖𝙜𝙚 𝙢𝙚𝙨𝙨𝙚𝙣𝙜𝙚𝙧 (cb) ကပဲ မှာယူပေးဖို မေတ္တာရပ်ခံပါတယ်။
Official Website- https://www.facebook.com/wisdomhousepublishing
Official TikTok Account – https://www.tiktok.com/@wisdomhouse.publishing?is_from_webapp=1&sender_device=pc