လက်တွေ့ဘ၀ကို ရင်ဆိုင်ကြည့်လိုက်ရင် ဒီလောကကြီးမှာ ဘယ်နေရာကိုကြည့်ကြည့် စိတ်သောကကင်းနိုင်တဲ့နေရာဆိုတာ မတွေ့ရသလိုပါပဲ။ အလုပ်ရယ်၊ မိသားစုရယ်၊ ဘ၀မှာ ရုန်းကန်လှုပ်ရှားနေရတာတွေရယ်ကနေ ပြည်တွင်းပြည်ပပြဿနာတွေအထိ စိတ်သောကဖြစ်စရာတွေနဲ့ ပြည့်နှက်နေတော့တာပါပဲ။ ဒါတွေကပဲ မိမိတို့ရဲ့စိတ်ကျန်းမာရေးကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတာပါ။ ကိုယ့်အတွေးတွေ၊ ကိုယ့်စိတ်ခံစားမှုတွေ ဆိုတာက မထိန်းချုပ်ထားနိုင်ရင် ဦးနှောက်ထဲ ဆောင့်တိုးဝင်သွားပါတယ်။ အဲဒီကနေ အာရုံကြောထဲက ဓာတုပစ္စည်းတွေကို ကသောင်းကနင်း ဖြစ်စေရာက စိုးရိမ် သောကတွေ၊ ဒေါသစိတ်တွေ လွှမ်းမိုးလာပါတော့တယ်။ ခန္ဓာကိုယ်ကျန်းမာရေးကို လေ့ကျင့်ခန်းမှန်မှန်လုပ်ပြီး စနစ်တကျစားသောက်နေထိုင်ရင်း ထိန်းသိမ်းနိုင်သလို စိတ်ကျန်းမာရေးကိုလည်း ပုံမှန်အလေ့အကျင့်တွေ၊ ကျင့်စဉ်တွေနဲ့ ထိန်းသိမ်းနိုင်ပါတယ်။စိတ်ဆိုတာဟာ တွေးသမျှ ကြံသမျှ၊ ပြောသမျှ ဆိုသမျှ၊ လုပ်သမျှ ကိုင်သမျှအားလုံးရဲ့ ရင်းမြစ်ပါ။ စိတ်ကိုကျန်းမာအောင် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်နိုင်ရင် စိတ်ဓာတ်ကြံ့ခိုင်လာမယ်။ ခံနိုင်စွမ်းရည်မြင့်လာပါမယ်။ ဒါဆိုရင် အခက်အခဲတွေကြုံလာတဲ့အခါ ကျော်လွှားနိုင်မှာမို့ ဘ၀ရဲ့နယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေ ရရှိလာပါလိမ့်မယ်။ ဒီစာအုပ်မှာ Neuroscientist (အာရုံကြောဆိုင်ရာသိပ္ပံပညာရှင်) တစ်ဦးဖြစ်တဲ့ Dr. Caroline Leaf က စိတ်၊ စိတ်ခံစားမှု၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတွေ ပြည့်စုံကောင်းမွန်စေဖို့ ကိုယ်တိုင်ဂရုစိုက် ထိန်းသိမ်း စောင့်ရှောက်နိုင်စေမယ့် နည်းလမ်း ၁၀၁ ခုကို ဖော်ထုတ်ရေးသားထားပါတယ်။
တကယ်ကို အရမ်းကောင်းတဲ့စာအုပ်ပါ။ မည်သူမဆို ဖတ်ကြည့်ဖို့ အကြံပြုပါတယ်။
အခုလို review လေးရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။